Chapter 8

71 7 1
                                    

Unicode

ညက မိုးစွေထားသောကြောင့် မြေကြီးမှာနင်းလိုက်တိုင်း စိုစိစိုစိ။ပတ်ဝန်းကျင်ကလည်း အေးစိမ့်နေကာ စိုထိုင်းထိုင်းဖြစ်နေသည်။
သစ်ပင်များမှာ မိုးရေအဝသောက်ထားရသဖြင့် စိမ်းလဲ့ကြည်ရွှင်နေသည်။

မနက်ခင်းတိုက်ခတ်လာ‌ေသာ လေနုအေးမှာ စိုထိုင်းဆများသဖြင့် အေးစိမ့်နေသည်။
ဤကဲ့သို့သော ရာသီဥတုမျိုးသည် အိပ်ရာပေါ်တွင် စောင်ခြုံ၍ ကွေးနေဖို့ကောင်းသည်။

ပိုင်မင်းမြတ်သည် အေးစိမ့်နေသော ရာသီဥတုကိုအံတုရန် စောင်ပုံကြားထဲတွင် သင်းခွေချပ်ကဲ့သို့ကွေးနေသည်။
ငြိမ်သက်နေသောအခန်း၏ တိတ်ဆိတ်မှုကို စားပွဲပေါ်ရှိ အခွင့်အလမ်းဖမ်းစက်ဟု သူနာမည်ပေးထားသော နှိုးစက်က စတင်ဖြိုခွဲလိုက်လေသည်။
ငြိမ့်ငြိမ့်ကလေးမြူးသောဂီတသံသည် မိုးအေးအေးတွင် ပို၍အိပ်ငိုက်ဖွယ်ကောင်းသည်။

သားချော့တေးသဖွယ်သဘောထား၍ ဆက်အိပ်ရန်ကြိုးစားစဉ် ဂီတသံမှာတိုးသော်ငြား တိတ်ဆိတ်နေသောအခန်းထဲတွင် အမြင်ကပ်ဖွယ်ကောင်းအောင် အနှောင့်အယှက်ပေးနေသည်။
နောက်ဆုံးတွင် ပိုင်မင်းမြတ်တစ်ယောက် လက်မြှောက်အရှူံးပေးကာ အိပ်ရာပေါ်မှ လူးလဲထ၍ နှိုးစက်ကို နရင်းအုပ်‌လိုက်လေသည်။

ငြီးစီနေသောခေါင်းကြောင့် အိပ်ရာမှ မထချင်ထချင်နှင့် ထရတော့သည်။
ပြတင်းပေါက်သို့ အကြည့်ရောက်သွားသောအခါ အပြင်သို့ ရှင်းရှင်းလင်းလင်းမမြင်ရ။

ပိုင်မင်းမြတ်သည် ပြတင်းပေါက်နားသို့ သွား‌ကာ ပိတ်ထားသောပြတင်းပေါက်အား ဖွင့်လိုက်သည်နှင့် အေးစိမ့်နေသော လေများက အလုံးအရင်းဝင်လာတော့သည်။

သူသည် ပတ်ဝန်းကျင်အား ပြတင်းပေါက်မှ ခေါင်းပြူ၍ကြည့်လိုက်သည်။
မြူဆိုင်းနေ၍ ရှင်းရှင်းလင်းလင်းမမြင်ရ။
သူစိတ်ညစ်သွားသည်။

"ချီးပဲ ....အေးရတဲ့အထဲ မြူက ကျသေး"

သူသည် ညည်းညူခြင်းအမှု ပြုပြီးနောက် အလုပ်စရတော့သည်။တကယ့်ပြဿနာက အခုမှ....

"အားးးးးး ချီးထုပ် အေးလိုက်တာကွာ ....ရေခဲရေကျနေတာပဲ"

သူသည် ရေပိုက်ခေါင်းကို အမြန်ပိတ်လိုက်သည်။မေမြို့၏အအေးဒဏ်သည် တော်ရုံမဟုတ်။ဒီလိုရေမျိုးနှင့် ချိုးလျှင် ချက်ချင်းရေခဲတိုက်....အင်း......ရေခဲတိုက်တောင် မလိုဘူး...

တိတ်တခိုးဝေတဲ့မြူ (တိတ်တခိုးဝေတဲ့မြူ)  Hikayelerin yaşadığı yer. Şimdi keşfedin