Chapter 6

65 8 1
                                    

Unicode

"လင်းထက်မင်းလွင်!!!"

ဘတ်စကတ်ဘောပွဲနား၍ အပင်အောက်တွင် လင်းထက်မင်းလွင်တို့ ငမိုက်သားတစ်စု ဝက်သားတုတ်ထိုးထိုင်စားနေကြသည်။လင်းထက်မင်းလွင်ကို မြင်သောအခါ ဥက္ကာရှင်းသန့် စုထားသမျှဒေါသတွေ အလိပ်လိုက်ထွက်လာသည်။

ထို့ကြောင့် အတင်းမြိုချကာ အော်ခေါ်လိုက်သည်။သ‌ကောင့်သားကလည်း မခေ။ဂြိုလ်ကြည့်ကြည့်လာသည်။

"မင်းကို ခေါ်နေတာ"

လင်းထက်မင်းလွင်က ထိုင်ရာမှ ထလာကာ သူ့ရှေ့တွင် မျက်နှာချင်းဆိုင်ရပ်လိုက်သည်။ပြီးမှ သူ့မျက်နှာအား တည့်တည့်စိုက်ကြည့်ကာ

"ပြော"

"မင်းလုပ်တာလား"

ဥက္ကာရှင်းသန့်သည် တည့်တည့်မေးလိုက်သည်။ဒါကိုပင် သူက မျက်မှောင်ကြုတ်ကာ

"ဘာကိုလဲ"

"မနက်က ကလေးတစ်ယောက်ကို ရေသန့်ဘူးပေးခိုင်းလိုက်တာ မင်းလား။ပြီးတော့ ကိုယ့်ထိုင်ခုံမှာ ပီကေကပ်သွားတာရော"

လင်းထက်မင်းလွင်က ခနဲ့သလို ပြုံးကာ

"ဟား စွပ်စွဲချက်တွေများလှချည်လား။နေပါအုံး ဒီကျောင်းမှာ ရှိတဲ့ လူပေါင်းသောင်းခြောက်ထောင်ထဲက ဘာလို့ ကျွန်တော့်ကိုမှ ရွေးပြီးစွပ်စွဲရတာလဲ"

"စွပ်စွဲတာမဟုတ်ဘူး။မေးနေတာ မင်းလက်ချက်လားလို့ မေးနေတာ"

"ဟုတ်တယ်"

"ဘာ"

ဥက္ကာရှင်းသန့်သည် ဒင်းမျက်နှာပြောင်ချက်အား လက်လန်သွားသည်။

"ဟုတ်တယ်လေ။ကျွန်တော် လုပ်တာလို့။မေးလို့လည်းဖြေရသေးတယ်"

မသိရင် ကိုယ်ကပဲ ကျေးဇူးပြန်တင်ရမဲ့ အချိုးမျိုးနဲ့

"ဪ အဟင်း။မင်းဘာဖြစ်ချင်‌နေတာလဲ။ဘာလို့ ကိုယ့်ကို သက်သက်ပြဿနာရှာနေတာလဲ"

"မကျေနပ်လို့"

"ဘာ"

လင်းထက်ကျစ်ခနဲ စုတ်သက်မိသည်။ဒီတစ်ယောက်က ဘာပဲဘာလွန်းနိုင်တယ်.....

တိတ်တခိုးဝေတဲ့မြူ (တိတ်တခိုးဝေတဲ့မြူ)  Where stories live. Discover now