Unicode
ယနေ့မနက်ပိုင်းရာသီဥတုမှာသာယာသည်။မုန်တိုင်းပြီးသွားပြီဖြစ်၍ ကြည်လင်သောကောင်းကင်မှာ တိမ်များကင်းစင်နေသည်။ဆောင်းရာသီဖြစ်၍ မေမြို့၏အခြေအနေသည် မနက်ခင်းမြူတွေဆိုင်းကာ အအေးဓာတ်မှာအရိုးထဲစိမ့်ဝင်မတတ်။မနက်ခင်းဈေးအတွက် ဈေးသည်များကဝီရိယကောင်းကောင်းဖြင့် ပြင်ဆင်နေကြသည်။အိမ်ရှင်မများကလည်း စောစောစီးစီးဈေးဝယ်ထွက်ကြသည်။မနက်စောစောဆို ဈေးတန်တယ်လေ။ဆိုင်ကယ်နှင့်ဈေးလည်ရောင်းမည့်သူများကလည်း နေမထွက်ခင်ကတည်းက ရောင်းမည့်ပစ္စည်းများကို သွားသယ်ကြရသည်။လူအများစုကတော့ အိမ်မောကျဆဲ။
မနက်၄နာရီခန့်။
တီ~~တီ~~တီ
နှိုးစက်သံကြားသည်နှင့် ဥက္ကာရှင်းသန့်သည် မျက်လုံးများဖျတ်ခနဲပွင့်လာပြီး နှိုးစက်ကိုပိတ်လိုက်သည်။ချက်ချင်းမထသေးဘဲ ခေတ္တမျှအကြောဆန့်လိုက်သည်။ထို့နောက် အိပ်ရာပေါ်မှထကာ စောင်ကိုသေသေချာချာခေါက်လိုက်ပြီး ခေါင်းအုံးနှင့်ဖက်လုံးကိုနေရာတကျထားလိုက်သည်။ဥက္ကာရှင်းသန့်သည် ဖက်လုံးကိုမြင်တော့ လင်းထက်မင်းလွင်ကိုသတိရသွားကာ သဘောတကျပြုံးမိသည်။တလက်စတည်း ကျောင်းမပိတ်ခင်ကကိစ္စကိုစဉ်းစားမိပြီး ဘယ်သူ့လက်ချက်ဖြစ်နိုင်သလဲတွေးမိသည်။သို့သော် စဉ်းစားလို့အဖြေထွက်တဲ့အရာမျိုးမဟုတ်။
လင်းထက်မင်းလွင်ဆိုတာ ရန်သူများတဲ့ကောင်လေးမျိုးမဟုတ်။တစ်ကျောင်းလုံးကသူ့ကိုသိကြပြီး အတတ်စိန်လေးမို့အားလုံးကချစ်ကြသည်။အထူးသဖြင့် ဆရာမဒေါ်ခင်အေးကြီးနှင့်ပြဿနာတက်ပြီးကတည်းက ကျောင်းရှိလူတော်တော်များများက လင်းထက်မင်းလွင်ကိုသတိထားမိလာကြသည်။မနိုင်စိန်လေးကတော့ သူ့ကိုဘယ်သူငြှိုးလို့ငြှိုးနေမှန်းသိလိမ့်မည်မထင်။
ဥက္ကာရှင်းသန့်သည် ဖက်လုံးကိုကြည့်၍ တော်တော်ကြာစဉ်းစားနေရာမှ အသိဝင်လာကာ မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး မျက်နှာသစ်ရန်ပြင်သည်။ဒီကိစ္စကျောင်းရောက်မှ စုံစမ်းရမည်။ဥက္ကာရှင်းသန့်သည် သွားတိုက်မျက်နှာသစ်ပြီးနောက် ရေချိုးခန်းထဲမှထွက်လာကာ မျက်နှာကိုတဘက်ဖြင့် ရေစင်အောင်သုတ်လိုက်သည်။ထို့နောက် စာကြည့်စားပွဲတွင်ထိုင်ကာ Bio စာအုပ်ကိုထုတ်လိုက်သည်။ညကကျက်ပြီးသားစာကိုအရင်ပြန်နွှေးလိုက်ပြီး ယနေ့သင်မည့်စာကိုကြိုကြည့်သည်။
YOU ARE READING
တိတ်တခိုးဝေတဲ့မြူ (တိတ္တခိုးေဝတဲ့ျမဴ)
Romanceသိပ်ကိုလျှို့ဝှက်တတ်တဲ့သူ့ကို 'မြူ'နဲ့တင်စားမယ် သူဆိုတဲ့ လျှို့ဝှက်တဲ့'မြူ'တွေအောက်မှာ ရုန်းမရအောင် ပိတ်မိနေတဲ့သူကတော့ကျွန်တော်ပေါ့ ...... တိတ်တခိုးဝေတဲ့မြူ Written by YoonMoonight သိပ်ကိုလျှို့ဝှက်တတ်တဲ့သူ့ကို 'မြူ'နဲ့တင်စားမယ် သူဆိုတဲ့ လျှို့ဝှက...