Chapter 3

132 6 6
                                    

Unicode

မနက်ခင်းလေးသည် လှပနေပါသည်။

"ဟေ့ကောင် ပိုင်မင်းမြတ် ငါးမြွေထိုး ငါးသလောက် ငါးရံ့ ငါးရှဉ့် ငါးခူ ငါးပြိတ္တာ.........မင်း အဖေငါ စောင့်နေတာကြာပြီ။လာတာကိုက ဘယ်လိုလာမှန်းမသိ။သူ့ကိုယ်သူ နောက်က ရည်းစားစကားလိုက်ပြောခံနေရတယ်များ ထင်နေလားမသိ"

ကျေးဇူးရှင် စိုင်းစစ်မင်းသူက ကျောင်းပေါက်ဝမှနေ၍ ခါးထောက်ကာ ခေါင်းတရမ်းရမ်းဖြင့် အော်ဟစ်နေသည်။ပိုင်မင်းမြတ်သည် ရည်းစားလူလုမျက်နှာပေးဖြင့် သွားလေသည်။

"စိုင်းစစ်မင်းသူ မင်းပြောလို့ပြီးပြီလား။သေနာလေး၊ငါ့ကို အဲ့လောက်ထိ ဘွဲ့တဲဆိပ်တွေ ပေးမနေပါနဲ့။ငါ့ကို ဘယ်သူစောင့်‌ခိုင်းလဲ။ကိုယ့်ဘာသာကိုယ် အမြီးရှည်ပြီး စောင့်‌ေနပြီးများ"

"အောင်မာ မနေ့က မစောင့်လို့ဆိုပြီး မျက်နှာရှစ်ခေါက်ချိုးနဲ့ဖြစ်နေပြီး ဒီနေ့ စောင့်ပေးတော့ကျတစ်မျိုး။တော်ပြီ နောက်ဆိုမစောင့်ပေးတော့ဘူး"

"‌မစောင့်နဲ့သိလား။မင်းစောင့်စရာလည်း မလိုပါဘူး"

"အေး အဲဒါမင်းပြောတာနော်။နောက်မှမိန်းမလို မိန်းမရမလုပ်နဲ့"

"ဟေ့ကောင် မင်းဘယ်လိုပြောနေတာလဲ"

"မြန်မာလိုပြောနေတာ ရှင်းရှင်းလေး"

"စိုင်းစစ်မင်းသူ"

တစ်ယောက်နှင့် တစ်ယောက် စကားများရာမှ ရန်ဖြစ်တော့မည့် အရိပ်အယောင်ပြနေသဖြင့် လင်းထက်က ပြေးလာပြီး

"မင်းတို့ကောင်တွေ‌ကိုက်မနေစမ်းနဲ့။ကိုက်ချင်ရင် ငါနောက်နေ့ တစ်ယောက်တစ်ရိုးစီယူခဲ့မယ်"

နှစ်ယောက်စလုံး၏မျက်ထောင့်နီများသည် လင်းထက်ဆီသို့လှည့်လာသည်။

"ခွေးကောင် လင်းထက်"

"ခွေးနဲ့ပေါင်းလို့ခွေးဖြစ်တာ ဆန်းလားကွာ"

လက်သံပြောင်သူများ ဆုံဆည်းရာမှ ပစ်မှတ်ကို မျက်စပစ်နေသဖြင့် လင်းထက်သည် automatic ခြေတစ်လှမ်းဆုတ်လိုက်သည်။သကောင့်သားတွေကလည်း အလိုက်သိစွာ ကျောပြင်ကို ဗြောတင်မည်အပြု လင်းထက်တစ်ယောက်ပြေးလေတော့သည်။

တိတ်တခိုးဝေတဲ့မြူ (တိတ်တခိုးဝေတဲ့မြူ)  Tempat cerita menjadi hidup. Temukan sekarang