Chapter 18

66 8 12
                                    

Unicode

"ဟေ့ကောင် လင်းထက် ဆော့မနေနဲ့။ မီးကဆော့စရာမဟုတ်ဘူး။ လောင်မှအော်ငိုမနေနဲ့"

မီးရောင်ကြောင့် နံရံတွင်အရိပ်ပေါ်နေသည်ကို အသုံးချကာ လက်ကိုအမျိုးမျိုးလုပ်၍ဆော့နေသောလင်းထက်ကို စိုင်းစစ်မင်းသူကအော်ပြောနေခြင်းဖြစ်သည်။

"သိပါတယ် ငါကလေးမဟုတ်ပါဘူး။ စိုင်းစစ်မင်းသူ မင်းကလေတကယ်အဘိုးကြီးပဲ။ ပွစိပွစိလိုက်ပြောနေတာ"

"ငါကလည်းပြောချင်လွန်းလို့ပြောနေတယ်ထင်လား။ မင်းတို့လိုမျောက်မူးလဲတွေကြောင့် ငါ့မှာရေပက်မဝင်ပြောနေရတာ"

လင်းထက်မင်းလွင်က မဲ့ရွဲ့ကာ

"မင်းနော် ငါတို့ထက်အသက်နည်းနည်းလေးကြီးတာနဲ့ ဆရာလုပ်မနေနဲ့"

"ငါကဆရာလုပ်တာမှ မဟုတ်တာ။ မင်းတို့လို ခံပြော နားမထောင်တွေက ဆရာလုပ်မှတော်ကာကျတာ"

လင်းထက်မင်းလွင်က စိုင်းစစ်မင်းသူကိုမျက်‌လုံးစွေလျက်ကြည့်ကာ

"မင်းကလေ တကယ်ပွစိပွစိနဲ့ အဘိုးကြီးပေါက်စလုပ်နေ။ ဟိုဘိုးတော်ဥက္ကာရှင်းသန့်လိုပဲ အမြဲတမ်းပွစိပွစိ။ ခုမှနည်းနည်းခြေငြိမ်သွားတာ။ ဒါတောင် စာမေးပွဲရှိလို့ အဲ့လိုပြောမှ အဲ့ဘိုးတော်နဲ့မတွေ့တာကြာပြီပဲ"

လင်းထက်မင်းလွင်သည် နောက်ဆုံးဆီမီးခွက်ကိုမီးညှိလိုက်ပြီးမှ လက်ထဲမှဖယောင်းတိုင်ကိုမှုတ်ကာငြှိမ်းလိုက်သည်။လက်ထဲမှဖယောင်းတိုင်ကိုကိုင်၍ထပြီး နောက်သို့လှည့်လိုက်ရာ တစ်စုံ‌တစ်ယောက်၏မေးစေ့နှင့် နဖူးမိတ်ဆက်သွားလေသည်။

"အားရိုး သေပါပြီ ငါ့နဖူးလေးနာသွားပြီ။ ဒီမှာလူကိုမမြင်...."

လင်းထက်မင်းလွင်သည် နဖူးကိုလက်ဖြင့်ပွတ်ရင်း ရန်တွေ့နေရင်းမှ ရှေ့ကကြည့်လိုက်တော့

"ကိုဥက္ကာရှင်းသန့်!"

အမလေး ဗုဒ္ဓေါ ငရုတ်ရော ငါတကယ်ချော ......
အာ....သူနဲ့လာတွေ့ပြန်ပြီ။

"ဘယ်လိုလဲ ခုတွေ့သွားပြီမလား။ မထင်ထားဘူးနော် ကိုယ့်ကိုသတိရနေတာပဲ"

တိတ်တခိုးဝေတဲ့မြူ (တိတ်တခိုးဝေတဲ့မြူ)  Tempat di mana cerita hidup. Terokai sekarang