Unicode
မနက်ခင်းစောစောတွင် ထွက်ပေါ်လာသော နေရောင်ခြည်နုနုအောက် ကျယ်ဝန်းသောခြံကြီးထဲတွင် ဥယျာဉ်ငယ်တစ်ခုရှိသည်။ပန်းမျိုးစုံစိုက်ပျိုးထား၍ ဝင်လိုက်သည်နှင့် ပန်းဥယျာဉ်ကြီးသဖွယ် လှပစွာတည်ရှိနေသည်။လေအဝှေ့တွင် ပန်းရနံ့များလွှမ်းထုံသင်းနေသည်။လှပသောအိမ်ကြီးသည် ခမ်းနားလွန်းလှသည်။
တိတ်ဆိတ်ငြိမ်သက်သောရပ်ကွက်ဖြစ်၍ ဆူညံသံများမရှိ။သို့သော် ခါတိုင်းနှင့်မတူဘဲ အိမ်ထဲတွင် လူများရှုတ်ယှက်ခတ်နေကြသည်။ဆူညံသံများကလည်း အိမ်ကြီး၏ငြိမ်သက်မှုကို နှောင့်ယှက်နေသည်။
"ပန်းတွေသေချာပြင်ဆင်ပြီးပြီလား"
"ဟုတ်ကဲ့ရှင့်...ပြင်ပြီးပါပြီ"
"ပန်းကန်တွေကို သေချာသုတ်နော်"
"ဟုတ်ကဲ့ရှင့်...."
"ဦးအောင်ရေ ...ဘယ်ရောက်သွားလဲ လာပါအုံး"
"လာပြီ....."
ယနေ့သည် အိမ်ကြီးရှင်မင်းသားေလး ခွန်းဆက်သွင်၏ ၁၄ နှစ်မြောက်မွေးနေ့ပွဲ အခမ်းအနား ဖြစ်သည်။ထို့ကြောင့် တစ်အိမ်လုံး ဗျာများနေရသည်။
"ဟေ့ ကောင်လေး သတိထားလေ..ကျကွဲကုန်မယ်"
"ဟုတ်ကဲ့"
"ခန်းဆီးတွေ သေချာတပ်ပြီးပြီလား"
"ဟုတ်ကဲ့ရှင့်"
"ဟိုကောင်မလေး လာအုံး ထိုင်ခုံတွေသုတ်ထားလား"
"ဟုတ် သုတ်ပြီးပါပြီ"
"အေး အေး သေချာလုပ်.....မဟုတ်ရင် သူဌေးဆီမှာ အပြောခံရလိမ့်မယ် သူ့သားမွေးနေ့မှာ ဗရုတ်သုတ်ခဆိုပြီး"
"ဟုတ်ကဲ့"
"ဒါနဲ့ ခွန်းဆက်က ပြင်ဆင်ပြီးပြီလား"
"မသိဘူးရှင့်"
"သွားကြည့်ချေ"
YOU ARE READING
တိတ်တခိုးဝေတဲ့မြူ (တိတ္တခိုးေဝတဲ့ျမဴ)
Romanceသိပ်ကိုလျှို့ဝှက်တတ်တဲ့သူ့ကို 'မြူ'နဲ့တင်စားမယ် သူဆိုတဲ့ လျှို့ဝှက်တဲ့'မြူ'တွေအောက်မှာ ရုန်းမရအောင် ပိတ်မိနေတဲ့သူကတော့ကျွန်တော်ပေါ့ ...... တိတ်တခိုးဝေတဲ့မြူ Written by YoonMoonight သိပ်ကိုလျှို့ဝှက်တတ်တဲ့သူ့ကို 'မြူ'နဲ့တင်စားမယ် သူဆိုတဲ့ လျှို့ဝှက...