Chapter 7

60 8 2
                                    

Unicode

မြူမှုန်များသည် မြေပြင်ထက်သို့ လှပစွာသက်ဆင်းနေသည်။အရပ်ရှစ်ခွင်သည် မှုန်ရီမှိုင်းလျက်။ကောင်းကင်သည်လည်း ကြည်ကြည်လင်လင်ရှိမနေချေ။

ငှက်ကလေးများသည် တီတီတာတာအော်မြည်နေကြသည်။ပတ်ဝန်းကျင်သည် မြူများဖြင့် ဖုံးလွှမ်းနေပေသည်။အချို့သူများအတွက် သဘောကျချင်စရာမကောင်းသော်လည်း သူကတော့ ပတ်ဝန်းကျင်ကို တမေ့တမောငေးလျက်။

သူ့အတွက် မြူသည် ဤမျှလောက် သဘောကျစရာကောင်းပါသလား။မြူဆိုင်းသောပတ်ဝန်းကျင်သည် အလှတရားများရှိပါရဲ့လား။

လူတိုင်းသည် အကြိုက်ကိုယ်စီနှင့်။မိုးရွာသည်ကို ကြိုက်သလို နေသာသည်ကိုလည်း ကြိုက်ကြသည်။မြူဆိုင်းခြင်းသည်လည်း ရာသီဥတုအခြေအနေပင်ဖြစ်၍ သူမြူများကို နှစ်သက်ခြင်းအား ရှင်းပြနေစရာလိုလိမ့်မည်မထင်။

တဖြည်းဖြည်းနှင့် မိုးအုံ့လာကာ မိုးစက်အနည်းငယ်ကျလာသည်။သူသည် မိုးစက်များကို လက်ဝါးဖြင့်ခံယူရင်း ပြုံးမိသည်။မိုးရေသည် အေးချမ်းမှုကို ခံစားရစေသည်။

"ခွန်းဆက် အအေးမိမယ်လေ"

ကြီးကြီးသင်းက ဘေးတွင် ပန်းသီးစိတ်များ လှီးနေရင်းမှ ပြောသည်။သူလည်း အသာပြုံးပြကာ ပြတင်းပေါက်နားက ခွာလိုက်ကာ ဧည့်ခန်းထဲသို့ ထွက်လာသည်။

"ဪ သားနေမကောင်းဘူးလား။အေး အေး ဂရုစိုက်လိုက်အုံး။အအေးမပတ်စေနဲ့"

ဖေဖေက ဖုန်းပြောနေသည်။သူလည်း နားမထောင်ချင်သဖြင့် အပေါ်ထပ်သို့သာ တက်လာခဲ့သည်။

ဝရန်တာဘက်သို့ လျှောက်လာကာ ခြံထဲသို့ လှမ်းကြည့်လိုက်သည်။ခေါင်းပေါ်ကို မိုးစက်များကျ‌‌
နေသည်ကို လျစ်လျူရှုထားကာ လေတိုက်သောကြောင့် သစ်ပင်များ ယိမ်းယိုင်နေသည်ကိုသာ ငေးနေမိသည်။

"ခွန်းဆက် သား ဘာလို့ အဲ့မှာနေနေတာလဲ။အအေးမိကုန်မှဖြင့် ဒုက္ခပါပဲ။လာ လာ ကြီးကြီးခေါင်းသုတ်ပေးမယ်"

ကြီးကြီးက သူ့အား ကုတင်ပေါ်တွင် ထိုင်စေကာ တဘက်ဖြင့် ဆံပင်များကို ခပ်ဖွဖွသုတ်ပေးသည်။

တိတ်တခိုးဝေတဲ့မြူ (တိတ်တခိုးဝေတဲ့မြူ)  Where stories live. Discover now