Chapter 24

75 7 4
                                    

Unicode

ကျွိ ကျွိ ......

ငှက်အော်သံက နားထဲသို့ရောက်လာမှ လင်းထက်မင်းလွင်သည် ခေါင်းထောင်ကာကြည့်မိသည်။ငှက်စုတ်ငှက်နာက အနား‌ကသစ်ကိုင်းမှာလာပြီး သူ့ရည်းစားနဲ့ ချစ်ကြည်နူးတစ်တီတူးကာ လုပ်ပြနေသည်။လင်းထက်မင်းလွင်သည် စိတ်ပေါက်လာပြီး စားပွဲမှထကာ

"ချီးလိုပဲ လာပြီး ရို‌မနေကြနဲ့။ သူများအတွဲအဆင်မပြေမှလာလုပ်ပြနေကြတာ။ အား!!! အမြင်ကပ်စရာကြီး"

စိတ်ပေါက်ပေါက်နဲ့အော်ပစ်လိုက်သည်။ပြီးမှ ပါးစပ်ကိုအလျင်အမြန်ပြန်ပိတ်ကာ ဇက်ကိုတစ်ချက်ပုတ်လိုက်ပြီး

"သေတော့မလို့ ပေါ့ရော မယ့်ရော ရှိနေတဲ့ဟာ ငါ့နှယ်"

လင်းထက်မင်းလွင်သည် သက်ပြင်းတစ်ချက်ချကာ ခုံပေါ်ပြန်ထိုင်လိုက်သည်။လက်ပေါ်မေးတင်ကာ စားပွဲပေါ်က ပန်းအိုးလေးကို စိုက်ကြည့်နေမိသည်။

"ဟွန့် အလကား အပျော်ကြံတာ ငါ့ကိုတစ်ချက်လေးတောင် ဖုန်းမဆက်ဘူး"

လင်းထက်မင်းလွင်သည် ပျင်းရိပျင်းတွဲထိုင်နေတုန်း

"သားငယ်လေး ဧည့်သည်ရောက်နေတယ်"

လင်းထက်မင်းလွင်သည် မယ့်အသံကြောင့် ရုတ်တရက်ခေါင်းထောင်သွားတာ စိတ်လှုပ်ရှားသွားသည်။သူများလား......

နေရာမှအမြန်ထကာ ခပ်သွက်သွက်ပြေးသွားပြီး လှေကားထစ်ရောက်မှ အရှိန်လျှော့ကာ ဖြည်းဖြည်းချင်းဆင်း၍ ဧည့်ခန်းဖက်တစ်ချက်ချောင်းကြည့်လိုက်တော့

"ချီးပဲ ကိုယ်ကျိုးနည်း မသာကောင်"

လင်းထက်မင်းလွင်က စိတ်ပျက်လက်ပျက်နှင့် ညည်းညူမိသည်။ဧည့်ခန်းတွင် အမိန့်သားထိုင်နေသော ပိုင်မင်းမြတ်က မိန့်မိန့်ကြီးပြုံးကာ

"ဘယ်နှယ့်လဲ သားတော်မောင် မျှော်လင့်ထားသလို ဖြစ်မလာတော့ ဘယ်လိုနေလဲ"

"အကျိုးနည်း မနက်စောစောစီးစီးကျက်သရေမရှိဘူး"

လင်းထက်မင်းလွင်က ထိုသို့ရေရွတ်ပြီး ‌အပေါ်ပြန်တက်ရင်ပြင်ဝောာ့ ပိုင်မင်းမြတ်က

တိတ်တခိုးဝေတဲ့မြူ (တိတ်တခိုးဝေတဲ့မြူ)  Tahanan ng mga kuwento. Tumuklas ngayon