Song recommended: ထက်ယံ/နှစ်ယောက်ကမ္ဘာ
Unicode
Beginning To Love ❣️❣️❣️
"မိုးရာသီဘောလုံးပြိုင်ပွဲ ပြင်ဦးလွင်မြို့"
မနက်စောစောတွင် တိမ်များအုံ့ဆိုင်းနေသော်လည်း နေထွက်လာသည်နှင့် တိမ်များကင်းစင်ကာ ကောင်းကင်သည် ပြာလွင်လွင်ကြည်လင်နေလေသည်။လိပ်ပြာလေးများက ဟိုဟိုဒီဒီပျံဝဲလျက်။ပျားကလေးများက ဇွဲကောင်းကောင်းဖြင့် အလုပ်လုပ်နေကြသည်။
ပန်းကလေးများ၏မွှေးရနံ့သည်အရပ်ရှစ်ခွင်သို့ ပျံ့လွင့်နေသည်။လေပြည်လေညင်းများက နူးညံ့ညင်သာစွာ တိုက်ခတ်နေကြသည်။မေမြို့၏အလှတရားကို ဖော်ညွှန်းသောချယ်ရီပင်များက ပန်းခင်းသောလမ်းကို လျှောက်ရသည့် ခံစားချက်မျိုးကို ပေးစွမ်းနေသည်။တောင်ပေါ်မြို့ဖြစ်၍ မနက်ခင်းရာသီဥတုမှာ ချမ်းစိမ့်စိမ့်။
ခရိုင်အားကစားကွင်း၌ ကျောင်းသူကျောင်းသားများ ခြေချင်းလိမ်နေကြသည်။ဟိုတစ်စု ဒီတစ်စု ပျံ့ကျဲလျက် အအေးသောက်သူက သောက်၊မုန့်စားနေသူက စား၊ဆရာမနား တီတီတာတာပြောသူကပြော၊အခုမှလာသူကလာဖြင့် စည်ကားနေပေသည်။
ထို့အပြင် ကျောင်းသားကျောင်းသူများအတွက် အလုပ်တစ်ခုရှိသေးသည်။ထိုအလုပ်သည်ကား အခြားမဟုတ်၊တခြားကျောင်းမှ ကျောင်းသားကျောင်းသူအချောအလှလေးများအား လိုက်ငမ်းခြင်း။ကျောင်းပေါင်းစုံဖြစ်၍ ရှိသမျှအဆင်ကို ကြုံးငမ်းကြသည်။ဒီလို တစ်နေရာထဲမှာ တစုတစည်းထဲ ငမ်းရတာက နည်းတဲ့အခွင့်အရေးလား။
အထက ၄ မှ ကျောင်းသားကျောင်းသူများက မနက်ရှစ်နာရီခန့်တွင် ခရိုင်ကွင်းသို့ ရောက်လာကြသည်။သတ်မှတ်နေရာတွင် နေရာယူပြီးသည်နှင့် အုပ်စုဖွဲ့ကာ လုပ်ငန်းစကြတော့သည်။ရှိုးပျက်မည်စိုး၍ ထမင်းချိုင့်ပင်ယူမလာ။မုန့်ပင်မသယ်လာဘဲ နီးစပ်ရာဆိုင်များတွင် အပြေးကလေးဝယ်ကြသည်။
စိုင်းစစ်မင်းသူသည် နေရာလွတ်တစ်ခုတွင် ဝင်ထိုင်လိုက်သည်။ပိုင်မင်းမြတ်နှင့် လင်းထက်က ဆရာခေါ်၍ သွားကြသည်။စိုင်းစစ်မင်းသူက တောင်တောင်အီအီကြည့်မနေ။တစ်စုံတစ်ယောက်ကိုသာ စောင့်နေလေသည်။အနီးအနားကို လှမ်းအကဲခတ်ကြည့်သည်။မလာသေး။လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ထားသည်။

KAMU SEDANG MEMBACA
တိတ်တခိုးဝေတဲ့မြူ (တိတ္တခိုးေဝတဲ့ျမဴ)
Romansaသိပ်ကိုလျှို့ဝှက်တတ်တဲ့သူ့ကို 'မြူ'နဲ့တင်စားမယ် သူဆိုတဲ့ လျှို့ဝှက်တဲ့'မြူ'တွေအောက်မှာ ရုန်းမရအောင် ပိတ်မိနေတဲ့သူကတော့ကျွန်တော်ပေါ့ ...... တိတ်တခိုးဝေတဲ့မြူ Written by YoonMoonight သိပ်ကိုလျှို့ဝှက်တတ်တဲ့သူ့ကို 'မြူ'နဲ့တင်စားမယ် သူဆိုတဲ့ လျှို့ဝှက...