Chapter 16

66 7 10
                                    

Unicode

🎵မေမြို့ သို့မဟုတ် ပြင်ဦးလွင်

တိမ်ခိုးလေးများ ခြုံသိုင်းပါလို့ဆင်~~

~~ပန်းကမ္ဘာမျှော်စင် စခန်းသာခေါ်တွင်

မြွေလိမ်မြွေကောက်လမ်းကလေးများ

ဖြတ်ကာကျော်ခဲ့ရင် ~~

~~မြေပြင်ချိုင့်ဝှမ်း မန္တလေး

အဝေးမှာမှုန်ဝါးမြင်🎵

မေမြို့ သို့မဟုတ် ပြင်ဦးလွင်။

အေးချမ်းလှတဲ့တောင်ပေါ်မြို့ကလေးတစ်မြို့။
လန်ဒန်မြို့၏ရာသီဥတုနှင့်ဆင်တူပြီး ကိုလိုနီခေတ်အငွေ့အသက်များ လွှမ်းခြုံရာမြေ။
ချယ်ရီနန်းဟုတင်စားသောမြို့။ တောင်လှေကားမြို့ဟု အမည်လှလှကမ္ဗည်းရထားသောမြို့။

ရှမ်းမလေးများပေါသော အေးချမ်းလှပသည့်ဌာနေဝယ် ထင်းရှူးရနံ့များသင်းထုံလွှမ်းနေသည်။ ခရစ်ယာန်ဘုရားကျောင်းများမှ နာရီသံသည်ကြားရသူအဖို့ သာယာနာပျော်ဖွယ်ရာကောင်းသည်။

ချယ်ရီပင်များစီတန်းနေသောလမ်းတစ်လျှောက်သည် ပန်းနုရောင်ပန်းချီကားနှင့် အလားတူပေသည်။

ထင်းရှူးပင်များစီတန်းနေသောလမ်းတစ်လျှောက်တွင် စက်ဘီးစီးနေသော မေမြို့သားလေးများ။ရယ်သံများလွှမ်းခြုံကာ ပျော်မြူးရိပ်များလွှမ်းနေသော ထိုကောင်လေးများ၏ပုံစံမှာ အပူအပင်ကင်းလှသည်။

အချင်းချင်းစနောက်ကာ ဦးတည်ရာမဲ့လွင့်မျောရင်း လွတ်လပ်စွာတောင်ပံဖြန့်နေသော ငှက်ကလေးများနှယ် မြူးတူးနေကြလေသည်။

"ဟေ့ကောင်တွေ ဖြည်းဖြည်းစီးပါဟ"

စိုင်းစစ်မင်းသူသည် ရှေ့ကနှစ်ယောက်အား လှမ်းပြောနေရသည်။ထိုနှစ်ယောက်ကတော့ သူစကားများကို ကြားတစ်ချက်၊ မကြားတစ်ချက်။

"ဒီနားခဏရပ်ရအောင်"

သုံးယောက်သားစက်ဘီးခဏရပ်ကာ အပင်အောက်ဝင်နားကြသည်။လင်းထက်မင်းလွင်ကတော့ ငြိမ်ငြိမ်မနေဘဲဟိုဟိုဒီဒီလျှောက်သွားနေသည်။ကြာတော့ ခွေးပင်မျက်စိနောက်လာကာ လိုက်ဆွဲလေတော့သည်။

တိတ်တခိုးဝေတဲ့မြူ (တိတ်တခိုးဝေတဲ့မြူ)  Where stories live. Discover now