Chapter 23

53 5 2
                                    

Unicode

"ပိုင်မင်းမြတ် ဟေ့ကောင်ရာ မင်းကလည်း စိတ်မဆိုးကြေးလေကွာ"

လင်းထက်မင်းလွင်သည် ပိုင်မင်းမြတ်ကိုမရမကလိုက်၍စကားပြောနေသည်။

"မင်းရာ နည်းနည်းပါးပါးတော့ စကားလေးပြောပါအုံးကွာ"

"..........."

"ပိုင်မင်းမြတ် သူငယ်ချင်းလေး အချစ်ဆုံးလေး"

"ဘာအချစ်ဆုံး ဖြတ်ရိုက်လိုက်လို့ သေသွားမယ်"

ပိုင်မင်းမြတ်သည် လင်းထက်မင်းလွင်အား မျက်စောင်းဖြင့်ကြည့်ကာ နရင်းအုပ်ဟန်ပြင်သည်။လင်းထက်မင်းလွင်သည်ရှောင်လိုက်ကာ ရယ်ကျဲကျဲဖြင့် ပခုံးကိုဖက်လိုက်ပြီး

"သူငယ်ချင်းကလည်းကွာ စိတ်မဆိုးပါနဲ့"

"ငါကစိတ်ဆိုးတာမဟုတ်ဘူး လင်းထက်မင်းလွင်"

ပိုင်မင်းမြတ်က စိတ်မကောင်းသလိုပြောသည်။လင်းထက်မင်းလွင်က ပြုံးနေရာမှ လျော့ရဲရဲဖြစ်သွားကာ

"ဘာဖြစ်လို့လဲ"

"ငါက မင်းကိုစိတ်မဆိုးဘူး"

ပိုင်မင်းမြတ်ကပြန်လှည့်လာပြီး

"နှမြောလို့ပြောတာ မင်းကငါတို့ကို အရင်ပြောပြသင့်တာလေ။ မင်းကအခုတော့"

ပိုင်မင်းမြတ်က ဆက်မပြောတော့။လင်းထက်မင်းလွင်ကလည်း စိတ်မကောင်းဖြစ်သွားသည်။

"ငါကလည်း မင်းတို့ကိုမပြောချင်တာမဟုတ်ပါဘူး။ အဆင်ပြေမဲ့အချိန်ကို စောင့်နေရုံပါ"

လင်းထက်မင်းလွင်ပြောတော့ ပိုင်မင်းမြတ်က မျက်စောင်းစွေကြည့်ကာ

"တအားလေးနဲ့မှ လင်လိုချင်နေတာ။ မပြောချင်လို့ကြည့်နေတာနော်"

"မင်းကလဲ"

"မင်းကမလဲနဲ့ ပြဿနာဖြစ်လို့က‌တော့ မင်းသေပြီ"

"အေးပါကွာ"

"တစ်ခုခုဖြစ်မှ မျက်ရည်နဲ့ မျက်ခွက်ဖြစ်လာကြည့် ငါ့အဆိုးမဆိုနဲ့"

"အဟင့် မင်းကလဲ"

"ပြဿနာဖြစ်လို့ကတော့ မင်းအရင်သတ်မှာ"

တိတ်တခိုးဝေတဲ့မြူ (တိတ်တခိုးဝေတဲ့မြူ)  Место, где живут истории. Откройте их для себя