Unicode
အထက ၄ ၏ မနက်ခင်းတစ်ခု~~~
ကျောင်းသားကျောင်းသူများသည် အုပ်စုဖွဲ့၍ရောက်တတ်ရာရာစကားပြောနေကြသည်။
နဝမတန်း အခန်း (၂) တွင် ကျောင်းသူတစ်စုအတင်းတုပ်နေကြသည်။"ဟဲ့ နင်ကြားပြီးပြီလား"
"ဘာလဲ"
"လင်းထက်မင်းလွင်အကြောင်းလေ"
"အေး ကြားပြီးပြီ။ လင်းထက်မင်းလွင်ဟာလေ အကြောက်အလန့်ကိုမရှိဘူး"
"အေးဟယ် ....အာဂသတ္တိခဲ"
"ဟဲ့ နင်တို့ဘာပြောနေကြတာလဲ"
"ဪ .....လင်းထက်မင်းလွင်အကြောင်းလေ"
"အာ ...ငါလည်း ကြားထားတယ်။ အဲ့ဒီလင်းထက်မင်းလွင်ဆိုတာလေ ဘာမှန်းကိုမသိရဘူး"
"ငတက်ပြားများဝင်စားလားမသိဘူး"
"ဘာဆိုင်လို့တုံး"
"ဪ....နင်ကလည်း ငတက်ပြားဆို သတ္တိရှိလွန်းလို့ ဘုရင်ဝတ်ထားတဲ့ အတွင်းခံဘောင်းဘီတောင်မှ ခိုးရဲတာလေ။ အဲ့ဒါကြောင့်ငတက်ပြားလို့ပြောတာ"
"ဟဲ့ နင်ကလည်း လင်းထက်က ဘောင်းဘီမှမခိုးတာ"
"ဪ ဒုက္ခပဲ။ တင်စားတာလေ တင်စားတာ။ သတ္တိရှိလွန်းလို့"
"ငါဝောာ့ သူ့ကိုနားကိုမလည်တော့ဘူး။ ဘယ်ကရတဲ့သတ္တိတွေလဲမသိပါဘူး"
"အင်း ...ပြောရင်းဆိုရင်း အသက်ရှည်အုံးမယ်။
ငတက်ပြား အဲလေ လင်းထက်မင်းလွင်ကြွလာပြီ"ထိုစကားပြောနေသောမိန်းကလေးအုပ်စုသည် ပြောနေရင်းမှ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။
ကျောင်းထဲသို့ ကျောပိုးအိတ်ကိုတစ်ဖက်လွယ်ကာ လေတချွန်ချွန်ဖြင့်လျှောက်လာသော လင်းထက်မင်းလွင်မှာမြောက်မြောက်ကြွဖြစ်နေသည်။
မျက်နှာကတော့ အောင်နိုင်တစ်ယောက်၏အပြုံးမျိုးဖြင့်။
ဖြတ်သွားသောသူများက သူ့အားတီးတိုးတီးတိုးပြောသွားကြသည်။ဟဲဟဲ...ငါက ဆယ်လီကြီးတောင်ဖြစ်နေပါရော့လား...
အတွေးတစ်ခုနှင့်ကျေနပ်နေသောလင်းထက်မင်းလွင်ပါပေတည်း။ဘာအကြောင်းတွေများ ထူးခြားပါသနည်း။အဖြစ်က ဒီလို.....

YOU ARE READING
တိတ်တခိုးဝေတဲ့မြူ (တိတ္တခိုးေဝတဲ့ျမဴ)
Romanceသိပ်ကိုလျှို့ဝှက်တတ်တဲ့သူ့ကို 'မြူ'နဲ့တင်စားမယ် သူဆိုတဲ့ လျှို့ဝှက်တဲ့'မြူ'တွေအောက်မှာ ရုန်းမရအောင် ပိတ်မိနေတဲ့သူကတော့ကျွန်တော်ပေါ့ ...... တိတ်တခိုးဝေတဲ့မြူ Written by YoonMoonight သိပ်ကိုလျှို့ဝှက်တတ်တဲ့သူ့ကို 'မြူ'နဲ့တင်စားမယ် သူဆိုတဲ့ လျှို့ဝှက...