Chapter 2

172 9 1
                                    

Unicode

ပိုင်မင်းမြတ်

ကျွန်တော်က အသက်၁၄နှစ်။နဝမတန်းကျောင်းသား။ဖေဖေက အင်ဂျင်နီယာတစ်ယောက်။မေမေက သူနာပြု။ပြည်သူ့ဆေးရုံက အပြာဝတ် နာ့စ်တစ်ယောက်။

ကျွန်တော့်မှာ အစ်ကိုတစ်ယောက်၊အစ်မတစ်ယောက်ရှိတယ်။ကျွန်တော့်ကိုကိုက ပထမနှစ်ဆေးကျောင်းသား။မမက စီးပွားရေးတက္ကသိုလ် ကျောင်းသူ။
ကျွန်တော့်ကိုကိုက သိပ်ချောတာ။
ကိုကို့ကြောင့် ကျွန်တော်က မမလှလှတွေဆီက မုန့်တွေ ခဏခဏစားရတယ်။ကိုကို့ကို ပေးခိုင်းလို့ပေးရင် ကိုကိုက ပြန်ပေးလိုက်တဲ့။ပြန်ပေးစရာလား၊ဒီလောက်မု့န်တွေ အများကြီးကို။
ဘာရမလဲ ကျွန်တော်စားလိုက်တာပေါ့။အလကားရတဲ့နွားသွားဖြဲမကြည့်ကောင်းတဲ့။ဒါကြောင့် ကျွန်တော်က ကြည်ကြည်ဖြူဖြူစားပေးတာပါ။

မမကတော့ အိမ်သိပ်ပြန်မလာဘူး။ဒါပေမဲ့ မမက ကျွန်တော့်ကို အရမ်းချစ်တာ။အိမ်ပြန်လာရင် မုန့်တွေ ဝယ်လာတယ်လေ။
ကျွန်တော်က အစားဆို နှစ်ခါမဆွယ်ရဘူး။ကျွန်တော့်မိသားစုနဲ့ သူငယ်ချင်းတွေဆို နော‌‌ကျေနေပြီ။ကျွန်တော့်ကို ချော့ချင်ရင် မုန့်ကျွေးလိုက်ပြီးရော။ဒါကြောင့် စိုင်းစစ်‌က ပြောတာ

"မင်းနဲ့ လင်းထက် အစားကြောင့် ဒုက္ခရောက်မယ် ကြပ်ကြပ်သတိထား"တဲ့

အစား‌ကြောင့်ဆိုရင် ဒုက္ခရောက်ရင်တောင် ဒုက္ခလှလှလေးပဲနေမှာ။
အဲ့ကောင်စိုင်းစစ်က ဘာမှမသိဘူး။ဘယ်သိမလဲ။သူ့မှာ မုန့်ကျွေးခံရဖို့ အစ်ကိုချောချော၊အစ်မချောချောမှမရှိဘဲ။
လင်းထက်ဆို ကျွန်တော်နဲ့နှစ်ကိုယ်တစ်စိတ်ပဲ။ကျွန်တော်က ဘူးဆို သူက ဖရုံ။ကျွန်တော်ချောကလက်စားရင် သူက ဘေးကနေ ပဲမြစ်စားတယ်။
ကျွန်တော်က ဗာလင်တိုင်းဆို ချောကလက်စားရတယ်။ကိုကိုနဲ့မမကြောင့်။ဟိုနှစ်ကောင်ကလား ငတ်ပေါ့။

ကျွန်တော်ကလေ အငယ်မို့လို့လားမသိ။သိပ်ဆိုးတာ။အိမ်မှာဆို ကျွန်တော်က အငယ်ဆုံး။သူငယ်ချင်းသုံးယောက်ထဲ ကျွန်တော်က ဒုတိယအငယ်ဆုံး။
စိုင်းစစ်က အကြီးပီသတယ်။ကျွန်တော်တို့ကို သည်းခံတယ်။အိမ်မှာဆို ကိုကိုနဲ့အဘွားကိုဘဲ အနိုင်ကျင့်ရတယ်။ဖေဖေနဲ့ မေမေက ကျွန်တော့်ကို အရမ်းချစ်တယ်။‌ဒါပေမဲ့ အလိုမလိုက်ဘူး။

တိတ်တခိုးဝေတဲ့မြူ (တိတ်တခိုးဝေတဲ့မြူ)  Donde viven las historias. Descúbrelo ahora