မင်္ဂလာပါ သာယာတဲ့နေ့လေးဖြစ်ပါစေ
မတွေ့ရတာအရမ်းကိုကြာနေသလို update မှန်မယ်ပြောပြီး ဂျင်းထည့်သွားတာလည်း အရမ်းကိုမှကြာနေပါပြီ အားနာလွန်းလို့ မျက်နှာလည်းမပြရဲဝောာ့ပါဘူး 🤧 အခြေအနေအကြောင်းအမျိုးမျိုးကြောင့် စာတောင်မရိုက်နိုင်ပါဘူး ကိုယ်တိုင်တောင် အန္တရယ်ကင်းအောင်နေနေရတာမို့ စိတ်မရှိကြပါနဲ့လို့ သွေ့ပုချိပါ 🙏 စိတ်ကုန်ပြီး မဖတ်ကြတော့ဘူးမှတ်တာ စိတ်ရှည်လက်ရှည်နဲ့ကို စောင့်ပေးကြတာတွေ့ရတာ ထင်တောင်မထင်ထားခဲ့ပါဘူး
ဘာပဲဖြစ်ဖြစ်ပါ အားလုံးကိုကျေးဇူးပါလို့ 🥹 ထုံးစံအတိုင်း update will come this week ပါပဲ တစ်ပိုင်းအပ်လိုက် တစ်လပျောက်လိုက်နဲ့ ဇာတ်လမ်းလေးက လှနေရော
Eng test ကတော့ pass ပါ 🥳🎉 အခြေအနေကောင်းပါတယ် ရွှေဉာဏ်တော်စူးရောက်စွာနဲ့ roll 1 ရသွားပါတယ် တင်းဝောာင်!!!!!
အဲ့ဒါနဲ့ပဲ အပိုင်းသစ်အပ်မယ်ဆိုပြီး ပြေးလာလိုက်တာ နောက်တစ်ပတ် test ရှိတယ်တဲ့ 🤣 အဲ့ဒီသတင်းကြောင့် ရွှေစိတ်တော်လေးညှိုးသွားပါတယ် 🤧 ဗြဲ
စာမေးပွဲနောက်တစ်ခါကလည်း ဒီလကုန်ရင်ဆိုတော့ moon လေးလည်း တိမ်တွေကွယ်သွားပါပြီလို့စ် 🌘☁️ သိပ်တော့အဆင်ပြေမနေဘူး
ဘာပဲဖြစ်ဖြစ် ......
လိမ္မော်ရောင်လောကကြီးထဲက မြောက်မြားလှစွာသော စာရေးသူတွေထဲက ဒီလို အရေးအသားကလည်းမကောင်း၊ update ကလည်း မမှန်၊ စာလုံးပေါင်းသတ်ပုံကလည်း တလွဲတချော်နဲ့ စာရေးသူကို ယုံကြည်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ်
တကယ်တော့ update မမှန်တဲ့ ခံစားချက်ကြီးကို နားလည်ပါတယ် သိပ်ကိုစိတ်ပျက်စရာလည်းကောင်းသလို စိတ်ညစ်စရာလည်းကောင်းပါတယ် ongoing fic တွေဆို ပိုဆိုးတာပေါ့
အစက fic ကို Un ဖို့ စဉ်းစားပါသေးတယ် ဒါပေမဲ့ အဲ့ဒါကပိုတောင်ဆိုးတယ်လေ နော့် ကိုယ်လည်း စာဖတ်သူတစ်ယောက်မို့ စာဖတ်သူတွေရဲ့ခံစားချက်ကို နားလည်ပါတယ်
ကိုယ်က ဝါသနာအရ စာရေးတာပါ pro လည်းမကျသလို အတွေ့အကြုံဆိုတာလည်း မရှိပါဘူး တခြားနာမည်ရပြီးသားသူတွေကလည်း အများကြီးဆိုတော့ သူတို့အားလုံးရဲ့ အရေးအသားတွေကို ဖတ်ဖူးတာလည်းရှိသလို မဖတ်ဖူးတာလည်း ရှိပါတယ် တစ်စိတ်တစ်ဒေသအားဖြင့်သော်လည်းကောင်း ဇာတ်ဝင်ခန်းတစ်ခုအရသော်လည်းကောင်း တူသွားခဲ့ရင် စိတ်မရှိကြပါနဲ့ ကိုယ်လည်း Wattpad မှာ တင်သမျှစာတွေအကုန်မဖတ်ဖူးပါဘူး ဒါကြောင့် တူညီမှုတစ်စုံတစ်ရာရှိသွားခဲ့ရင် စာရေးသူရဲ့ အမှားအယွင်းသာဖြစ်ပါတယ်

YOU ARE READING
တိတ်တခိုးဝေတဲ့မြူ (တိတ္တခိုးေဝတဲ့ျမဴ)
Romanceသိပ်ကိုလျှို့ဝှက်တတ်တဲ့သူ့ကို 'မြူ'နဲ့တင်စားမယ် သူဆိုတဲ့ လျှို့ဝှက်တဲ့'မြူ'တွေအောက်မှာ ရုန်းမရအောင် ပိတ်မိနေတဲ့သူကတော့ကျွန်တော်ပေါ့ ...... တိတ်တခိုးဝေတဲ့မြူ Written by YoonMoonight သိပ်ကိုလျှို့ဝှက်တတ်တဲ့သူ့ကို 'မြူ'နဲ့တင်စားမယ် သူဆိုတဲ့ လျှို့ဝှက...