Unicode
သင်းယမုံဝင့်သည် ခုံကိုတဒေါက်ဒေါက်ခေါက်နေသည်။သူမသည် ရှေ့တူရှူကိုစိုက်ကြည့်လျက်တစ်စုံတစ်ရာကို စဉ်းစားနေသည်။လပြည့်နေ့ညကမြင်ခဲ့ရသောမြင်ကွင်းသည် သူမ၏စိတ်တို့အားအတွေးများစေသည်။ထိုနေ့ကလင်းထက်မင်းလွင်နှင့် ဥက္ကာရှင်းသန့်တို့နှစ်ယောက် အကြည်စိုက်နေသည်ကိုတွေ့ခဲ့ရလေသည်။သူမကပင်မဆောင်နားမှာရှိနေရင်း ဥက္ကာရှင်းသန့်ကိုတွေ့သဖြင့် ကြည့်နေမိရင်းမှ သူတို့နှစ်ယောက်ကတအားနီးနီးကပ်ကပ်ဖြစ်နေ၍ စိတ်ထဲတစ်မျိုးဖြစ်သွားသည်။
ကိုဥက္ကာကလည်း တော်တော်လေးပြုံးပြုံးရွှင်ရွှင်ဖြစ်နေသည်။ကိုဥက္ကာရယ်နေတာကို သူမပင်တစ်ခါမှမတွေ့ဖူးခဲ့သော်လည်း လင်းထက်မင်းလွင်ကိုကြည့်ကာရယ်နေသည်မှာ အကြည့်လွှဲချင်စရာမရှိ။သူမ၏စိတ်ထဲ၌ ကိုဥက္ကာနှင့်လင်းထက်မင်းလွင်ကြားတွင် မမြင်နိုင်သောအရာတစ်ခုခုရှိနေသည်ဟုခံစားမိသည်။တစ်ယောက်နှင့်တစ်ယောက်စိုက်ကြည့်နေသည်မှာ မျက်နှာချင်းပင်ထိစပ်လုမတတ်။ဒါကိုလင်းထက်မင်းလွင်ကလည်း မျက်နှာမလွှဲသလို က်ိုဥက္ကာကလည်းမလွှဲ။ကြားလေသွေးမရအောင် ပူးကပ်နေသောသူတို့နှစ်ယောက်အား မြင်ယောင်ပြီးနောက် လက်ကိုတဒေါက်ဒေါက်ခေါက်နေခြင်းကိုရပ်လိုက်သည်။
"ယမုံရယ် တအားဒေါသမထွက်ပါနဲ့"
ဖူးသော်ခင်၏စကားကြောင့် သင်းယမုံဝင့်ကပြုံးကာ
"နင် LGBT ဆိုတာ သိတယ်မလား"
"ဟင်"
ဖူးသော်ခင်ကမျက်လုံးလေးပြူးကာ ပြန်ကြည့်သည်။
"အဟက် Gay ဆိုတာရော သိလား"
"ယမုံ"
သင်းယမုံဝင့်ကမဲ့ပြုံးဖြင့်
"ဟင်း ဒီလိုမျိုးယောင်္ကျားလေးနှစ်ယောက်ကြားက နက်ရှိုင်းတဲ့ပတ်သက်မှုမျိုးကို ဘယ်လိုခေါင်းစဉ်တပ်သင့်လဲ"
"ဟို...."
"ပြောလေ"
"ဟို.....ငါ လည်း ....မသိ"
ဖူးသော်ခင်ကအထစ်ထစ်အ,အအဖြင့်ပြောနေသည်။သင်းယမုံဝင့်က ခပ်ဟဟရယ်ကာ
YOU ARE READING
တိတ်တခိုးဝေတဲ့မြူ (တိတ္တခိုးေဝတဲ့ျမဴ)
Romanceသိပ်ကိုလျှို့ဝှက်တတ်တဲ့သူ့ကို 'မြူ'နဲ့တင်စားမယ် သူဆိုတဲ့ လျှို့ဝှက်တဲ့'မြူ'တွေအောက်မှာ ရုန်းမရအောင် ပိတ်မိနေတဲ့သူကတော့ကျွန်တော်ပေါ့ ...... တိတ်တခိုးဝေတဲ့မြူ Written by YoonMoonight သိပ်ကိုလျှို့ဝှက်တတ်တဲ့သူ့ကို 'မြူ'နဲ့တင်စားမယ် သူဆိုတဲ့ လျှို့ဝှက...