Sense 1

69 8 3
                                    

ယနေ့ ပိုင်မင်းမြတ်တစ်ယောက်အိမ်တွင် ခြေချုပ်မိနေသည်။အကြောင်းမှာ လင်းထက်နှင့် စိုင်းစစ်က သူ့အိမ်သို့ ဆိုင်းမဆင့် ဘုံမဆင့် ရောက်လာသောကြောင့်ပင်။

"ဟေ့ကောင်‌တွေ နည်းနည်းပါးပါးကူညီဖို့စဉ်းစားအုံး။တီဗွီပဲ ထိုင်ကြည့်မနေနဲ့"

စိုင်းစစ်က မီးဖိုချောင်ထဲမှ လှမ်းအော်သည်။သူတို့နှစ်ယောက်ကတော့ ပေကပ်၍ ထိုင်နေဆဲ။

တင်တောင်~~

အိမ်ရှေ့က ဘဲလ်တီးသံကြား၍ ပိုင်မင်းမြတ်နေရာမှထကာ တံခါးသွားဖွင့်လိုက်သည်။
တံခါးဖွင့်လိုက်တော့ ကိုဥက္ကာနှင့် ခွန်းဆက်သွင်။

"ဟား ကိုဥက္ကာ။ လာလေ။ ဝင်ခဲ့။ ကိုဥက္ကာတို့ကို စောင့်နေတာ"

ပိုင်မင်းမြတ်သည် ပြောပြောဆိုဆို လက်ထဲမှ အထုတ်များကို လွှဲပြောင်းယူလိုက်သည်။ထိုစဉ် စိုင်းစစ်ကလည်း မီးဖိုချောင်မှ ထွက်လာလေသည်။

လေးယောက်သားထမင်းစားခန်း၌ ပြင်ဆင်နေစဉ် အိမ်ရှေ့မှ ဘဲလ်တီးသံကြားပြန်သည်။လင်းထက်က တံခါးသွားဖွင့်ပုံရပါသည်။ခဏကြာတော့ ဧည့်ခန်းထဲ၌ ပြေးလွှားသံတွေ ကြားရပါတော့သည်။

မကြာခင်မှာပဲ ထမင်းစားခန်းသို့ ခြေသံများနီးကပ်လာသည်။

"အားးး လင်းထက် ဘာလို့လိုက်ရိုက်နေတာလဲ"

"Moonight ဟေ့ကောင် မပြေးနဲ့။ပြန်လာခဲ့။မင်းကို သတ်ချင်နေတာကွ"

Moonight တစ်ယောက် ဧည့်ခန်းထဲ မကြီးမငယ်ပတ်ပြေးနေရ‌ပါတော့သည်။

ခဏကြာတော့မှ ဟောဟဲဆိုက်ကာ နားနေသည်မို့ လင်းထက်က အခွင့်ကောင်းယူကာ ကျောပြင်ကို ဗြောတင်ပါတော့သည်။

"အားး နာလိုက်တာ။မင်းကလည်း အားကြီးနဲ့"

"နာပါစေ။ရိုက်မှာပဲ။ခံလေ အဲ့မှာ"

Moonight တစ်ယောက် ကျောကိုပွတ်ကာ ငြိမ်နေရတော့သည်။ကိုဥက္ကာက နှစ်ယောက်သားအား ကြည့်ကာ

ကိုဥက္ကာ: လင်းထက် ဘာဖြစ်ကြတာလဲ။

လင်းထက်: သူ့ကို အမြင်ကပ်လို့။

တိတ်တခိုးဝေတဲ့မြူ (တိတ်တခိုးဝေတဲ့မြူ)  Tahanan ng mga kuwento. Tumuklas ngayon