Chapter 15

72 7 5
                                    

Unicode

"ပိုင်မင်းမြတ် လာလေကွာ။ မင်းကကြာလိုက်တာ"

လင်းထက်က တကြော်ကြော်အော်ခေါ်နေသဖြင့် ပိုင်မင်းမြတ်မှာ စားလက်စအကင်အားမျိုချကာ
အမြန်သွားရလေသည်။

"လာပါပြီကွာ မင်းကလည်း တစ်ရပ်ကွက်လုံးကြားအောင် အော်မနေနဲ့"

ပိုင်မင်းမြတ်က ပြောလိုက်တော့ လင်းထက်ကဆူပုတ်နေလေသည်။စိုင်းစစ်က အခြေအနေမဟန်တော့ ဝင်ဟန့်ရတော့သည်။

"မင်းတို့တွေရန်မဖြစ်ကြနဲ့နော် တစ်ရက်တလေလေးတည့်အောင်နေကြပါလားကွာ"

"ဟွန့်"

နှစ်ယောက်စလုံးထံမှ ဟွန့်ဆိုသည့်အသံပြိုင်တူထွက်လာကာ တစ်ယောက်နှင့်တစ်ယောက်မကြည့်ဘဲ ဆန့်ကျင်ဘက်သို့လှည့်နေကြလေသည်။
စိုင်းစစ်မင်းသူကတော့ မနိုင်စွာခေါင်းသာရမ်းမိလေသည်။

သူတို့သုံးယောက်က ကျောင်းသို့မသွားသေးဘဲ
အကင်ဝင်စားကြတာဖြစ်ပြီး လင်းထက်မင်းလွင်က
ကျောင်းနောက်ကျမည်စိုး၍ အော်နေခြင်းဖြစ်ပါသည်။
သူတို့သုံးယောက်သည် စားလက်စအမြန်ဖြတ်ကာ ကျောင်းသို့ကတိုက်ကရိုက်သွားရလေသည်။

ကျောင်းတွင် စာသင်ရင်း၊ စကားများရင်း၊ အတင်းတုပ်ရင်း တစ်နေ့တာကိုကုန်ဆုံးကြသည်။ဆရာဆရာမများထံမှလည်း ဩဝါဒခံယူရသေးသည်။အထူးသဖြင့် ဆရာမဒေါ်ခင်အေးကြီး၏
မပြီးဆုံးနိုင်သောဩဝါဒစကားများကြောင့် ကျောင်းသားကျောင်းသူများသည် စာသင်ချိန်ကိုအလျင်အမြန်ကုန်ဆုံးချင်ကြလေသည်။

ဒီကြားထဲ လင်းထက်မင်းလွင်က ဘင်ခရာပြိုင်ပွဲကပြီးသွားသောကြောင့် အရင်လိုကျိုင်းလေ့ကျင့်စရာမလိုတော့သဖြင့် ဆရာမဒေါ်ခင်အေးကြီး၏စာသင်ချိန်များမလွတ်တော့ပါချေ။ထို့အပြင် ဆရာမက အရင်ကစာမေးမည်ဆိုလျှင် လွတ်,လွတ်သွားတတ်သဖြင့် ယခုတွင်အတိုးချ၍ စာများကိုမေးလေသည်။

ယခုနောက်ပိုင်း ကိုဥက္ကာရှင်းသန့်နှင့်လည်း လင်းထက်မင်းလွင်တစ်ယောက် စကားမပြောတော့ပါချေ။လေ့ကျင့်စရာမလိုတော့သဖြင့် တွေ့ရန်လည်းလိုအပ်တော့သလို တွေ့လျှင်လည်း လင်းထက်မင်းလွင်ဘက်မှစ၍ မျက်နှာလွှဲတတ်သည်။

တိတ်တခိုးဝေတဲ့မြူ (တိတ်တခိုးဝေတဲ့မြူ)  Where stories live. Discover now