145

941 145 0
                                    

  မိုးခြိမ်းတဲ့ အသံတဲ့ အသံ ထွက်ပေါ်လာပြီး လျှပ်စီးလက်သွားခဲ့သည်။ ကွမ်းရှောင်ရှောင်းတို့ ၆ယောက် က လေနဲ့ မိုးထဲ ပြုတ်ကျသွားခဲ့သည်။ ပဲစေ့ အရွယ်လောက်ရှိတဲ့ မိုးရေစက်တွေ က သူတို့ရဲ့ အပေါ်ကို ကျလာပြီး သူတို့ရဲ့ ဒဏ်ရာတွေထဲ စိမ့်ဝင်သွားခဲ့သည်။

သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာ ၂ချက် ရှိနေခဲ့သည်။ တစ်ခုက zombieလေးကြောင့် ရလာတာ ဖြစ်ပြီး နောက်တစ်ချက် က မော့ရန်ကြောင့် ရလာတာ ဖြစ်သည်။ အဲဒီဒဏ်ရာတွေ အရေပြား အပေါ်ယံ ဒဏ်ရာတွေ ဖြစ်တာကြောင့် အရမ်း မနာခဲ့ပေမယ့် အခုလို မိုးရေထဲ ပစ်ချခံလိုက်ရတော့ ပူစပ်ပူလောင် ဖြစ်နေတဲ့ ဝေဒနာ က ၂ဆ၊ ၃ဆတိုးသွားခဲ့သည်။

နာကျင်မှု က သူတို့ ခံနိုင်ရည် ရှိတာထက် ပိုနေခဲ့သည်။

အချိန်တစ်ခုလောက် ကြာတဲ့ အထိ ဒဏ်ရာတွေနဲ့ နိုးရေထဲမှာ လူးလှိမ့်ပြီး အော်ဟစ်နေခဲ့ကြသည်။

ကမ္ဘာပျက်ကပ်ရဲ့ မိုးရေတွေထဲမှာ ဖုတ်ကောင် ဗိုင်းရပ်စ်တွေ ပါနေခဲ့သည်။ မိုးရွာတာ ကို ထိတွေ့မိတဲ့လူတွေ က ဖုတ်ကောင် အဖြစ် ပြောင်းလဲသွားနိုင်သည်။ မိုးရေတွေ စိုရွှဲနေပြီး ဒဏ်ရတွေလည်း ရထားတာကြောင့် သူတို့ရဲ့ ဖုတ်ကောင် အဖြစ်‌ ပြောင်းလဲနိုင်ခြေ က...

ကွမ်းရှောင်ရှောင်း တစ်ယောက် နာကျင်မှုကို ခံစားနေရသည်။ နာကျင်မှုကြောင့် သူမရဲ့ မျက်နှာ က ဖြူဖပ်ဖြူလျော် ဖြစ်နေပြီး စိတ်ပျက်လက်ပျက်နဲ့ မြေကြီးပေါ်တွင် တွားသွားရင်း မိုးခိုဖို့အတွက် ဂိုဒေါင်နား ရောက်အောင် သွားခဲ့သည်။

မော့ရန် သူ့လက်ထဲ က နွယ်ပင် ကို ယမ်းလိုက်ပြီး ဂိုဒေါင်ထဲကို လာနေတဲ့ လူတွေအား မိုးရေထဲ ပစ်ချလိုက်ပြန်သည်။

"ကျေးဇူးပြုပြီး ငါတို့ကို ကယ်ပါဦး"

"ငါ့ကို အထဲ ဝင်ခွင့်ပေးပါ"

"ငါ မသေချင်သေးဘူး"

"ကူညီပေးပါ၊ ကူညီပေးတာနဲ့ မင်း လိုချင်တာ အကုန် ပေးပါ့မယ်"

သူတို့ကို မော့ရန် ကို စိတ်ပျက်အားငယ်တဲ့ လေသံနဲ့ တောင်းပန်နေကြသည်။ မော့ရန် အတွက်တော့ ဘာမှမထူးခြားသလိုမျိုး ကြည့်လိုက်ပြီး ခုနက သူ ကန်ထားတဲ့ တံခါးကို ပိတ်ပစ်လိုက်သည်>

သူက အရမ်း ချွဲလွန်းတယ် (Book 2)Where stories live. Discover now