136

782 72 1
                                    

  'သူ့မိသားစုရဲ့ zombieလေး က သူ့ကို ထောက်ပံ့ဖို့ ကြိုးစားနေတာလား?'

မော့ရန်ရဲ့ စိတ်ထဲမှာ ပျော်ရွှင်သွားသလို ခံစားလိုက်ရပြီး စိတ်ဝင်စားလာခဲ့သည်။

သူ့မိသားစုရဲ့ zombieလေး ချီတာခံလိုက်ရတာ ကို မော့ရန် ရှက်မနေခဲ့ပေ။ ပြောရမယ်ဆိုရင် သူ့အတွက် ပျော်ရွှင်သွားသလို ခံစားလိုက်ရသည်။ တကယ်လို့ သူတို့ဘေးမှာ တစ်ယောက်ယောက် ရှိနေခဲ့ရင် မော့ရန်ရဲ့ အတွေးတွေကြောင့် ထိတ်လန့်သွားလိမ့်မည်။

မော့ရန် က သူ့အတွေးနဲ့သူ ပျော်နေပြီး ငြိမ်ငြိမ် ထိုင်မနေနိုင်တော့သလို ပြုံးနေတာကိုလည်း မရပ်နိုင်ခဲ့ချေ။

zombieလေးရဲ့ ဖြူဖျော့ပြီး နည်းနည်း ကြောက်ဖို့ ကောင်းနေသော နှုတ်ခမ်းတွေ ကို ကြည့်ပြီးနောက် ရေငတ်လာသလို ခံစားလိုက်ရတာကြောင့် တံတွေးမျိုချလိုက်သည်။

သူ့လက်ထဲက အဝတ်အိတ် ကို ပစ်ချလိုက်ပြီး ကုတင်ဘေးမှာ ရပ်နေတဲ့ zombieလေး ကို ဖက်လလိုက်သည်။ Zombieလေး က ညစ်ပတ်နေတာ ဖြစ်ဖြစ်၊ မညစ်ပတ်တာ ဖြစ်ဖြစ် သူ ဘာမှ မတွေးနိုင်တော့ပေ။ အနမ်းကနေ ဖုတ်ကောင် ဗိုင်းရပ်စ် ကူးစက်ခံရမယ်ဆိုရင်တောင်မှ zombieလေးရဲ့ နှုတ်ခမ်းကို နမ်းရမယ်။

Zombieလေးရဲ့ ခန္ဓာကိုယ် က တောင့်တင်းနေခဲ့သည်။ သူ့ရဲ့ မျက်နှာနဲ့ အကြည့်တွေမှာ အမူအရာနဲ့ ခံစားချက်တွေ မရှိနေပေမယ့် သူ နမ်းလိုက်တဲ့ အချိန်မှာ zombieလေး ပျော်သွားကြောင်း သူ ခံစားလိုက်ရသည်။

'အရမ်း ကောင်းတာပဲ'

မော့ရန်ရဲ့ စိတ်ထဲမှာ ဒီခံစားချက် ကို အရမ်း သဘောကျနေခဲ့သည်။

Zombieလေးရဲ့ နှုတ်ခမ်းတွေ က နမ်းလို့ မကောင်းပေမယ့် မော့ရန် က အဲဒါကို ဂရုမစိုက်ခဲ့ပေ။ သူ့အတွက်တော့ နမ်းလို့ကောင်းနေခဲ့သည်။ နည်းနည်း ကြာအောင် နမ်းပြီးတော့ zombieလေးကို လွှတ်ပေးလိုက်သည်။ သူ ဒီထက်ပိုပြီး လုပ်ချင်နေပေမယ့် မော့ယွမ် အကြောင်းပြချင် တစ်ခုကို သိချင်နေတုန်းပဲ ဖြစ်သည်။ သူ့ရဲ့ ခန္ဓာကိုယ် က ဖုတ်ကောင် ဗိုင်းရပ်စ် ကူးစက်မခံရဘူးဆိုတာ သူ သိနေခဲ့သည်။

သူက အရမ်း ချွဲလွန်းတယ် (Book 2)Where stories live. Discover now