"ရှိပါတယ်၊ ဒီမှာပါ၊ ဒီမှာ"
ပီချင်း ပြုံးပြီး ပြောလိုက်သည်။
"သခင်ကြီး က ခြံထဲမှာ ရှိပါတယ်။ သခင်လေးကျောက် ကျေးဇူးပြုပြီး ဝင်ခဲ့ပါ၊ ရွှမ်အားမားလည်း ကျေးဇူးပြုပြီး ဝင်ခဲ့ပါဦး"
ပီချင်း တစ်ဖက် ကို လှည့်လိုက်ပြီး တံခါးကို ကျယ်ကျယ် ဖွင့်ပေးလိုက်သည်။
ကျောက်ယန်ရဲ့ မျက်နှာပေါ်မှာလည်း အပြုံးတစ်ခု ရှိနေခဲ့သည်။ သူ့အနောက်မှာ လိုက်လာတဲ့ ရွှမ်အားမား က သူနဲ့ အတူ အထဲ ကို ဝင်လာပြီး ပီချင်း လက်ထဲ စာအိတ်အနီလေး ထည့်ပေးလိုက်သည်။ အဲဒီနောက်မှာတော့ သူမရဲ့ လက်ကို မြှောက်လိုက်ပြီး အပြင်မှာ ရှိနေတဲ့ သေတ္တာတွေ ကို သမားတော်ကျိုးရဲ့ ခြံထဲ ထည့်လိုက်ဖို့ အစေခံတွေ ကို ပြောလိုက်သည်။
တွန်းလှည်းက အားလုံးပေါင်း ၉စီး ရှိသည်။ တွန်းလှည်း တစ်ခုစီမှာ မဟော်ဂနီရောင် သေတ္တာကြီး ၂လုံး ပါတာကြောင့် အားလုံးပေါင်း ဆိုလျှင် မဟော်ဂနီရောင် သေတ္တာကြီး ၁၈လုံးတောင် ရှိသည်။
ပီချင်း လက်ဖက်ရည် သွားဖျော်လိုက်ပြီး သူတို့ဆီ အမြန် ယူလာပေးခဲ့သည်။
တစ်ဖက်မှာတော့ ကျောက်ယန်၊ သမားတော်ကျိုးနဲ့ ရွှမ်အားမားတို့ ၃ယောက် က ခြံထဲရှိ စားပွဲမှာ ထိုင်ပြီး စကားပြောနေခဲ့ကြသည်။
သမားတော်ကျိုး က မဟော်ဂနီရောင် သေတ္တာတွေ ကို ကြည့်ရင်း မုတ်ဆိတ်မွှေးကို ပွတ်သပ်ကာ ပြောလိုက်သည်။
"မဆိုးပါဘူး၊ မဆိုးပါဘူး။ ငါ့ရဲ့ မျန့်ကောအာ က အခုလို တင်တောင်း ပစ္စည်းတွေနဲ့ ထိုက်တန်တယ်။ ကလေး မင်း တကယ် ရိုးသားတာပဲ"
တခြားလူဆိုရင် ပိုပြီး ချီးကျူးပြောဆိုကြမှာ ဆိုပေမယ့် သမားတော်ကျိုး က အဲဒီလို မလုပ်ခဲ့ပေ။ သူက အရမ်း ကို ဂုဏ်ယူတဲ့ လေသံနဲ့ ပြောခဲ့သည်။ အစေခံတွေ က သေတ္တာကို ဖွင့်ပြလာတဲ့ အခါ အထဲမှာ ပါလာတဲ့ ပစ္စည်းတွေ ကို အကဲဖြတ်နေသေးသည်။
အခု ပိုင်ချန် ကို သူ အရမ်း သဘောကျသည်။ သူ့မျက်လုံးထဲမှာ ပိုင်ချန် က လုံးဝ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာလေး ဖြစ်သည်။ ပိုင်ချန် ကို ကျောက်ယန် နဲ့ လက်မထပ်စေချင်သေးပေမယ့် လူငယ် ၂ယောက် က အရမ်း ဆန္ဒစောနေခဲ့ကြသည်။ တကယ်လို့ သူ က လက်မထပ်စေချင်သေးဘူး ဆိုရင်တောင် သူတို့ရဲ့ ဆန္ဒအတိုင်း လိုက်လုပ်ပေးရလိမ့်မည်။
YOU ARE READING
သူက အရမ်း ချွဲလွန်းတယ် (Book 2)
Romanceသူက အရမ်း ချွဲလွန်းတယ် ပိုင်ချန် book 2ပါရှင့်