184

600 86 0
                                    

  ကျောက်ယန် ကိုယ်တိုင် က သမားတော်ကျိုးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့သည်။ သူတို့ ၂ယောက် က အသက်အရွယ် ကွာခြားပေမယ့် သူတို့ရဲ့ ရင်းနှီးမှု က ပိုင်ချန် ရောက်မလာခင်အချိန်ကတည်း က တော်တော် ကောင်းနေပြီ ဖြစ်သည်။ ပိုင်ချန် ရောက်လာတော့ သူတို့ ၂ယောက်က ယောက္ခထီး နဲ့ သမက် ဖြစ်လာခဲ့ကြသည်။ ထို့ကြောင့် သတို့သမီး အိမ်ပြန်တဲ့ ရက်မှာ ဒီလို လှည်းအပြည့် ပြန်လာနိုင်ဖို့ အတွက် ကျောက်ယန် အချိန်တော်တော် ယူခဲ့ရသည်။

လှည်းထဲတွင် သူ ရှာတွေ့ထားခဲ့တဲ့ ရှားပါးသော ဆေးဖက်ဝင်အပင်အချို့၊ အစေ့အချို့နှင့် တန်ဖိုးကြီးလှတဲ့ ပန်းပေါင်းများစွာလည်း ပါရှိခဲ့သည်။ အဝတ်နဲ့ ငါးတွေလည်း ပါသည်။ ကြက်ဥ လိုမျိုး နေ့စဉ် လိုအပ်တဲ့အရာတွေ အများကြီး ပါသည်။ ခြုံငုံပြီး ပြောရရင်တော့ လှည်းထဲမှာ ပစ္စည်း မျိုးစုံနဲ့ ပြည့်နေခဲ့သည်။

ဒီလို ဂရုတစိုက်နဲ့ ပြင်ဆင်ထားတဲ့ ပစ္စည်းတွေ ကို တွေ့လိုက်ရတော့ သမားတော်ကျိုးရဲ့ နှုတ်ခမ်းထောင့်လေး ကော့တက်သွားကာ ပျော်ရွှင်စွာရယ်မောလိုက်ပေမယ့် သူ့ပါးစပ်ကတော့ ပြောဖြစ်အောင် ပြောလိုက်သေးသည်။

"ငါက တစ်ယောက်တည်းသမားလေ။ ဒီလောက် အများကြီး ကို ဘယ်လိုလုပ်ပြီး သုံးနိုင်မှာလဲ! မင်း က တစ်ယောက်တည်း မဟုတ်တော့ဘူးလေ။ မင်းရဲ့ ဘဝကို ဘယ်လို စီမံရမလဲဆိုတာကို သိထားသင့်တယ်။ မင်းမှာ ပိုက်ဆံရှိရင်တောင် အကုန်သုံးဖို့ မစဉ်းစားနဲ့"

သမားတော်ကျိုး က သူတို့ကို အပြစ်တင်နေပေမယ့် သူက စိတ်ကောင်းရှိတဲ့ အကြောင်း လူတိုင်း သိနိုင်သည်။

သူက အဖိုးကြီးဖြစ်နေပြီ ဖြစ်ပြီး အခု သူ့သားနဲ့ သမက် က သူ့ကို အရမ်း ဂရုစိုက်ပေးကြတာကြောင့် သူ ပျော်ရွှင်နေခဲ့သည်။ သူ့မျက်နှာမှာ အပြုံးပန်း ပွင့်လန်းနေခဲ့သည်။

လက်ထပ်ပြီးသွားတဲ့ ပိုင်ချန် ကို အပေါ်၊အောက် သေချာ ကြည့်ရင်း စကားတွေ အများကြီး ပြောဖြစ်ခဲ့သည်။ ပိုင်ချန်ရဲ့ နီမြန်းပြီး တောက်ပနေတဲ့ မျက်နှာ ကို ကြည့်လိုက်တာနဲ့ အာဟာရ ပြည့်ဝနေတာ ကို သိသာစွာ ခံစားလိုက်ရသည်။

သူက အရမ်း ချွဲလွန်းတယ် (Book 2)Where stories live. Discover now