မျန့်ကောအာ ထင်းကောက်ဖို့ တောင်ပေါ် တက်သွားခဲ့ပြီး ရွှမ်အာ့ကောင်းဆီ က ထွက်ပြေးလာတဲ့ အချိန်မှာ ပိုင်ချန် ဒီကမ္ဘာကို ရောက်လာခဲ့တာ ဖြစ်သည်။
မျန့်ကောအာ ရွမ်အာ့ကောင်း လက်ထဲ က ထွက်ပြေးရင်း သူ့ရဲ့ ခြေထောက် ခေါက်သွားခဲ့သည်။ ကြောက်လန့်တကြား ထွက်ပြေးလာတာကြောင့် တောင်ကုန်းပေါ် က မတော်တဆ လိမ့်ကျသွားပြီး ခြေထောက် ခေါက်သွားခဲ့သည်။ အခုချိန်မှာ သူ မလှုပ်နိုင်တော့ပေ။
ပိုင်ချန် ခေါင်းကို စောင်းပြီး ဘေးက စိမ်းလန်း စိုပြေနေတဲ့ မြက်ခင်းပြင် ကို ကြည့်လိုက်သည်။ မျန့်ကောအာကို နှိပ်စက်ညှင်းပန်းဖို့ အတွက် အဲဒီမြက်ခင်းပေါ် ဆွဲခေါ်သွားခဲ့သည်။
အဲဒီလူရဲ့ အသက်ရှူသံတွေ က ပြင်းထန်နေပြီး စိတ်အားထက်သန်နေတဲ့ ခြေသံတွေ က ပိုင်ချန် နဲ့ ပို၍ နီးကပ်လာခဲ့သည်။ ပိုင်ချန် အသံထွက်တဲ့ နေရာကို ခေါင်းမော့ကာ ကြည့်လိုက်သည်။ အဲဒီနောက်မှာ အရပ် ၅ပေ ၇လက်မလောက် ရှိတဲ့ ယောက်ျား တစ်ယောက် က သူ့ဆီ ပြေးလာနေတာကို တွေ့လိုက်ရသည်။
အဲဒီလူ က ရွမ်အာ့ကောင်း ဖြစ်သည်။
အခု ရောက်နေတဲ့ နေရာ က တောင်ကုန်း ဆိုပေမယ့် မြင့်ပြီး မတ်စောက်နေခဲ့သည်။ ရွမ်အာ့ကောင်း က တောင်စောင်းကနေ ငုံ့ကြည့်လိုက်ပြီး အောက်ကို ပြုတ်ကျသွားရင် ထိခိုက်မှာကို ကြောက်နေခဲ့သည်။ မူလပိုင်ရှင် က တောင်ကုန်း အောက်ခြေမှာ လဲနေပြီး မလှုပ်နိုင်တာ ကို မြင်လိုက်ရတော့ ဘေးဘက်က ဆင်းလာခဲ့သည်။ သူ အောက်ကို မရောက်သေးတဲ့ အချိန် မူလပိုင်ရှင် ထွက်ပြေးသွားမှာ ကြောက်တာကြောင့် အလျင်အမြန် ပြေးလာခဲ့သည်။
သူ ကြည့်လိုက်တော့ ပိုင်ချန်ရဲ့ ခြေကျင်းဝတ်တွေ ရောင်နေပြီး သစ်ပင်ရဲ့ ပင်စည်ကို မှီနေတာ တွေ့လိုက်ရသည်။ သူ့လက်၂ဖက် ကို ပွတ်လိုက်ပြီး ပိုင်ချန်ရဲ့ အနားကို ကပ်လာခဲ့သည်။ သနားစရာကောင်းနေတဲ့ ပိုင်ချန် ကို အဝတ်အစားတွေ ချွတ်ပြီးသွားသလိုမျိုး ပိုင်ချန်ရဲ့ အပေါ်၊အောက် စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။ သူ့ရဲ့ အကြည့်ကို မြင်လိုက်ရတော့ ပိုင်ချန်ရဲ့ စိတ်ထဲ ရွံရှာသွားခဲ့သည်။
YOU ARE READING
သူက အရမ်း ချွဲလွန်းတယ် (Book 2)
Romanceသူက အရမ်း ချွဲလွန်းတယ် ပိုင်ချန် book 2ပါရှင့်