ကျောက်ယန် ခြံထဲ က ထွက်သွားပြီးနောက် သမားတော်ကျိုး အိမ် ကို သွားခဲ့သည်။
ကျောက်ယန် လမ်းလျှောက်နေရင်း ပိုင်ချန် အကြောင်း တွေးနေတာကြောင့် သူ့ကို ချောင်းကြည့်ပြီး ရှက်နေတဲ့ ကောအာ တစ်ယောက် ကို သူ သတိမထားမိခဲ့ပေ။
ဒါပေမဲ့ ကျောက်ယန် သတိထားမိခဲ့ရင်တောင် ဘယ်သူမှ မရှိသလိုမျိုး ဖြတ်လျှောက်သွားလိမ့်မည်။
ရုန်ကောအာ က ရွှမ်ချွမ်းကန်ရဲ့ မိသားစု က ဖြစ်သည်။ အဒေါ်ကျောက် အိပ်ပြန်ပြေးသွားပြီး အိမ်ထဲမှာ အဝတ်ချုပ်နေတဲ့ ရုန်ကောအာ ကို အတင်း ဆွဲခေါ်ကာ ကျောက်ယန် အား ဖွင့်ပြောခိုင်းလိုက်သည်။
ကျောက်ယန် ကို ဈေးပေါတဲ့သူ ရမသွားစေနဲ့။
ရုန်ကောအာ က ကျောက်ယန် ကို ချစ်မြတ်နိုးပေမယ့် သူ့မှာ ရှက်ရွံ့တဲ့ စိတ်ထားရှိတာကြောင့် ဖွင့်မပြောရဲပေ။ သူ့ရဲ့ နှလုံးသားထဲမှာ ကျောက်ယန်နဲ့ ပတ်သက်ပြီး စိတ်ကူးယဉ်မှုတွေ ရှိနေရင်တောင်မှ ဖွင့်မပြောခဲ့ချေ။ အရင်တုန်း က ဖွင့်ပြောဖို့ လုပ်ခဲ့မိပေမယ့် ကျောက်ယန် ကို တွေ့လိုက်တာာနဲ့ ရှက်သွားပြီး ခေါင်းကို ငုံ့ထားလိုက်သည်။ ကျောက်ယန် သူ့ဘေးက ဖြတ်သွားတဲ့ အချိန်ကျမှ ခေါင်းကို မော့လိုက်ပြီး ကျောက်ယန်ရဲ့ နောက်ကျော ကို တိတ်တိတ်လေး ချောင်းကြည့်လိုက်သည်။
သူက ကျေနပ်လွယ်တဲ့သူ ဖြစ်သည်။ ကျောက်ယန် က သူ့ကို တစ်ချက်လောက် လှမ်းကြည့်လိုက်ရုံနဲ့ သူ့ကို အချိန်အကြာကြီး ပျော်ရွှင်စေနိုင်သည်။
ဒီတစ်ခါမှာတော့ သူ့အမေ က ကျောက်ယန်မှာ ကြိုက်နေတဲ့သူ ရှိနေလောက်တယ် လို့ ပြောလာတာကို ကြားလိုက်ရသည်။
ရုန်ကောအာ ခဏလောက် မှင်သက်သွားမိသည်။ အဲဒီအကြောင်း ကြားလိုက်ရတော့ သူ့ရဲ့ စိတ်ထဲမှာ နည်းနည်းလောက် ဝမ်းနည်းသွားမိပေမယ့် တစ်ချိန်တည်းမှာပဲ ကျောက်ယန် သဘောကျတဲ့သူ ရှာတွေ့တဲ့ အတွက် သူ ပျော်နေမိသည်။ ဒါပေမဲ့ အဒေါ်ကျောက် က ရုန်ကောအာ တွေးသလို မတွေးပေ။ သူ့ရဲ့ သဘောအကျဆုံး ရွှေသမက်၊ သူ့မိသားစုရဲ့ ရုန်ကောအာ သဘောကျတဲ့လူ မရှိတော့ဘူးလို့ တွေးလိုက်သည်။
YOU ARE READING
သူက အရမ်း ချွဲလွန်းတယ် (Book 2)
Romanceသူက အရမ်း ချွဲလွန်းတယ် ပိုင်ချန် book 2ပါရှင့်