ရှောင်နျဲ့ ဘာတွေလုပ်ခဲ့လဲဆိုတာ ပိုင်ချန် မသိပေမယ့် ရှောင်နျဲ့ရဲ့ အချစ်တွေကြောင့် လုံခြုံသွားသလို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပဲ ရှောင်နျဲ့ရဲ့ စွမ်းအားတွေ ကို ပိုချစ်သွားခဲ့သည်။
ရှောင်နျဲ့ကို တွေ့လိုက်တာနဲ့ ပိုင်ချန် ပြောဖို့ တွေးထားသမျှ အားလုံးကို မေ့သွားခဲ့သည်။
ဒါပေမဲ့ ပိုင်ချန် က အမြဲတမ်း အလိုလိုက်ခံရပြီး ရှောင်နျဲ့ကိုကျတော့ ဘာဖြစ်လို့ အလိုလိုက်ပေးလို့ မရတာလဲ?
"ပေါင်ပေ့ က လိမ္မာပါတယ်၊ နောက်တစ်လုတ် ထပ်စားလိုက်နော်"
ရှောင်နျဲ့ က ၃နှစ်သား ကလေးလေး ကို ထမင်းခွံ့ကျွေးနေသလိုမျိုး ပန်းကန်နဲ့ ဇွန်းကို ကိုင်ပြီး ခွံ့ကျွေးနေခဲ့သည်။ သူ ထမင်းကို ခပ်လိုက်ပြီး ပိုင်ချန်ရဲ့ ပါးစပ်နား တေ့ပေးလိုက်သည်။
ထမင်း အတွက် သုံးထားတဲ့ ဆန်က ကျောက်စိမ်းလို အရောင်ရှိပြီး အရမ်း မွှေးသည်။ ပိုင်ချန် အဲဒီဆန်နဲ့ ချက်ထားတဲ့ ထမင်း ကို အကြိုက်ဆုံး ဖြစ်ခဲ့ဖူးပေမယ့် အခုအချိန်မှာတော့ ပန်းကန် တစ်ဝက်လောက်တောင် မစားနိုင်တော့ပေ။
သူ မစားချင်တာ မဟုတ်ပေမယ့် ဒီရက်ပိုင်း မကြာသေးခင် အချိန်က စပြီး အစားစားချင်စိတ် က ဘာမှမစားနိုင်လောက်အောင် ဆိုးရွားနေခဲ့သည်။ သူ အရမ်း ကြိုက်လို့ မကြာခဏ စားလေ့ရှိတဲ့ အရသာ က အခု သူ့ပါးစပ်ထဲမှာ ထူးဆန်းနေခဲ့သည်။ အရသာ က ချိုမြိန်လွန်းလို့ ၂ပန်းကန်လောက် စားခဲ့ဖူးတဲ့ အရသာ က အခုတော့ ၂လုတ်လောက်တောင် မနည်းစားနေရသည်။ သူကြိုက်တဲ့ အနံ့ ရှိမှန်း သိသာနေပေမယ့် သူ့ပါးစပ်ထဲရောက်သွားတဲ့ အချိန်မှာတော့ တစ်မျိုး ဖြစ်သွားပြီး အမြန် မျိုချလိုက်ရသည်။ အရသာ က ထူးဆန်းလွန်းနေတာကြောင့် သူ စားခဲ့တာတွေတောင် ပြန်အန်ထုတ်ချင်စိတ်ပေါက်သွားခဲ့သည်။
အဲဒီလို ဖြစ်စရာ အကြောင်းပြချက် မရှိခဲ့ပေမယ့် ဖြစ်နေတာ ၃ရက်လောက် ရှိနေပြီ ဖြစ်သည်။ ပိုင်ချန် ဘာမှမခံစားရတာကြောင့် သူ့ခန္ဓာကိုယ်က အပြောင်းအလဲ ဖြစ်နေတာ ဖြစ်မယ်လို့ တွေးနေခဲ့ပေမယ့် ရှောင်နျဲ့ကတော့ ဒီကိစ္စကို အလေးအနက် ထားခဲ့သည်။ ပိုင်ချန် များများ စားနိုင်စေဖို့အတွက် ဒီနေရာက စာဖိုမှုူးကိုပါ အလုပ်ရှုပ်စေခဲ့သည်။ ရှောင်နျဲ့ မနေ့က ရုတ်တရက် ထွက်သွားရင်တောင် ပိုင်ချန် အတွက် စားစရာ ပြင်ဆင်ပေးဖို့ အတွက် ဒီက စာဖိုမှူး ကို ပြောခဲ့ဖို့ မမေ့ခဲ့ချေ။
YOU ARE READING
သူက အရမ်း ချွဲလွန်းတယ် (Book 2)
Romanceသူက အရမ်း ချွဲလွန်းတယ် ပိုင်ချန် book 2ပါရှင့်