147

935 128 1
                                    

‌  လျှပ်စီး က သိပ်မဝေးတဲ့ နေရာမှာ ရှိနေသော စက်ကြီးတစ်ခုကို ထိသွားပြီး တစ်စစီ ဖြစ်ကာ ပျက်စီးသွားခဲ့သည်။ Zombieလေး က လွှင့်လာတဲ့ အပိုင်းအစတွေ နဲ့ မထိအောင် စိတ်ပိုင်းဆိုင်ရာ အကာအကွယ် လုပ်လိုက်သည်။

အပျက်အစီးတွေကနေ လူကို မထိလိုက်အောင် တားဆီးလိုက်နိုင်ပေမယ့် စက်တွေရဲ့ ပေါက်ကွဲသံတွေ က ပြန်နှံ့နေပြီး အဲဒီနေရာမှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ ဖြစ်ပေါ်လာခဲ့သည်။

သိပ်မဝေးတဲ့ နေရာမှာ ရှိတဲ့ ပေါက်ကွဲသံကြီးကြောင့် ဟူကျောင်းနဲ့ ကျန်တဲ့လူတွေ အိပ်ငိုက်နေတာ နိုးကြားသွားခဲ့ကြသည်။ သူတို့ ၄ယောက်လုံး ထိတ်လန့်သွားခဲ့သည်။ ၄ယောက်သား တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ပြီး ဟူကျောင်း အမြန်ထကာ ဂိုဒေါင်ရဲ့ တံခါးဆီ လျှောက်သွားခဲ့သည်။

သိပ်မဝေးတဲ့ နေရာ က စက်ရုံမှာ မီးလောင်နေခဲ့သည်။ အဲဒီနေရာ က မော့ရန် နဲ့ အဲဒီမောင်လေး ထွက်သွားတဲ့ လမ်းကြောင်း ဖြစ်နေတာ ဟူကျောင်း သတိရသွားခဲ့သည်။

သူမ မနေနိုင်တော့ဘဲ စိတ်ပူသွားခဲ့သည်။

"အစ်ကို မော့ရန်ရဲ့ စွမ်းအား က ငါတို့ထက် မြင့်တယ်၊ တကယ်လို့ သူ့လိုလူတောင် မကိုင်တွယ်နိုင်ခဲ့ရင် ငါတို့လိုလူတွေဆို ပြောစရာတောင်မရှိတော့ဘူး"

စုကျစ်နန် ဟူကျောင်း ကို နှစ်သိမ့်လိုက်သည်။

"ဒါက သူတို့ အတွက် အန္တရာယ်မရှိလောက်ပါဘူး"

အဲဒီကျယ်လောင်လှတဲ့ အသံကြောင့် ဟူကျောင်းနဲ့ ကျန်တဲ့လူတွေ လန့်သွားသော်လည်း အဲဒီနေရာ အနားမှာ ရှိနေတဲ့ ကွမ်းရှောင်ရှောင်းတို့က နိုးမလာခဲ့ပေ။

တကယ် က သူတို့ မနိုးထနိုင်တာ ဖြစ်သည်။

သူတို့ ၆ယောက် က စက်ရုံရဲ့ ထောင့်ကျဉ်းလေးထဲမှာ စုပြုံနေခဲ့သည်။ ပေါက်ကွဲသံ ကြားလိုက်ရတော့ သူတို့ရဲ့ မျက်ခွံတွေ လှုပ်သွားပြီး ဘာဖြစ်နေလဲဆိုပြီး နိုးချင်တဲ့ပုံပေါ်သည်။ ဒါပေမဲ့ သူတို့ရဲ့ မျက်လုံး ကို ဘယ်လိုပဲ ဖွင့်ဖို့ ကြိုးစားပါစေ၊ သူတို့ရဲ့ မျက်ခွံတွေ က အရမ်း လေးလံနေသလိုမျိုး လုံးဝ မဖွင့်နိုင်ခဲ့ပေ။

သူက အရမ်း ချွဲလွန်းတယ် (Book 2)Where stories live. Discover now