အဲဒီစကားတွေ က ပိုင်ချန်ရဲ့ ဘယ်ဘက်နား က ဝင်သွားပြီး ညာဘက်နား က ထွက်သွားခဲ့သည်။ သူ့ရဲ့ ကြေးနီဓားကို နောက်တစ်ခါ ထပ်မြှောက်လိုက်ပြန်သည်။ သူ့ကို ဒူးထောက်ခိုင်းနေတဲ့၊ သတ်ပစ်ချင်နေတဲ့ ကျန်းမိသားစုဝင်တွေရဲ့ အရှေ့မှာတင် အုတ်ဂူရဲ့ ဝင်ပေါက်ကို ဖွင့်ပစ်လိုက်သည်။
ကျန်းမိသားစု လုံးဝ ဒေါသထွက်သွားကြသည်။ ပိုင်ချန်ရဲ့ ဘေးနားမှာ ရှိနေပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ရှောင်နျဲ့ကြောင့် ပိုင်ချန် ကို ဘာမှမလုပ်ခဲ့ကြပေမယ့် ဒီတစ်ခါကတော့ တကယ် ဒေါသထွက်သွားကြသည်။ ရှောင်နျဲ့ကို ဂရုမစိုက်တော့ဘဲ ပိုင်ချန် ကို တိုက်ခိုက်ဖို့ ပြင်လိုက်ကြသည်။
ပိုင်ချန် က လုံးဝ မလှုပ်ပေ။
အဲဒီလူတွေ က ပိုင်ချန် ကို နာကျင်အောင် လုပ်ဖို့ ပြင်နေတာကို တွေ့တော့ ရှောင်နျဲ့ က လှုပ်ရှားခဲ့သည်။ မျက်စိ တစ်မှိတ်အတွင်းမှာပဲ ကျန်းမိသားစုဝင်တွေဟာ ကျန်းမိသားစု အကြီးအကဲရဲ့ လမ်းကြောင်းအတိုင်း လိုက်သွားခဲ့ကြရသည်။
ကျန်းကျန့်ဟွာ တို့ သားအဖနဲ့ ကျန်အကြီးအကဲတွေ က မလှုပ်ရှားခဲ့ပေ။ အဲဒီလို ဖြစ်သွားတာ တွေ့လိုက်တာနဲ့ အကြီးအကဲ ကို ထိခိုက်မိတာ က လွှတ်အောင် နေရာ ရွေ့ပေးလိုက်ကြသည်။
"ဖြောင်း! ဖြောင်း! ဖြောင်း!"
လူအယောက် ၂၀လောက်က လူသား ပိရမစ်ပုံစံနဲ့ မြေပြင်ပေါ် ပြုတ်ကျလာခဲ့သည်။
ကျန်းကျန့်ဟွာ အလျင်စလို ခေါ်လိုက်မိသည်။
"ယွီကော!"
ပိုင်ချန် က ဘာမှမပြောဘဲ ရှေ့ဆက်လျှောက်သွားခဲ့ပြီး ကျန်းမိသားစု အကြီးအကဲကို အေးစက်စွာ ပြောလိုက်သည်။
"အကြီးအကဲကျန်း၊ ဆရာကို လှည့်စားပြီး ဘိုးဘေးရဲ့ မျိုးဆက်ကို ဖျက်ဆီးတဲ့သူကို ဘယ်လိုအပြစ်ပေးသင့်လဲ?"
ရုတ်တရက်ကြီး အမေးခံလိုက်ရတဲ့ ကျန်းမိသားစု အကြီးအကဲရဲ့ မျက်လုံးတွေ ပြူးသွားပြီး ပိုင်ချန် ကို စိုက်ကြည့်နေခဲ့သည်။
'နှစ်ပေါင်း ရာနဲ့ချီသွားပြီလေ၊ ချွီမိသားစု က အမှန်တရား ကို ဘယ်လိုလုပ်ပြီး သိသွားတာလဲ?'
YOU ARE READING
သူက အရမ်း ချွဲလွန်းတယ် (Book 2)
Romanceသူက အရမ်း ချွဲလွန်းတယ် ပိုင်ချန် book 2ပါရှင့်