173

800 132 1
                                    

   လီလျန်ဟွား လက်၂ဖက်ကို ပွတ်လိုက်ပြီး ပြောလိုက်သည်။

"အိုက်ယား... ရှောင်ကျောက် မျန့်ကောအာ က ငါတို့ မိသားစုရဲ့ ရတနာလေးလေ။ ငါ သူ့ကို ငယ်ငယ်လေးကတည်း က အလိုလိုက်လာခဲ့ရတာ၊ အဲဒီတော့ သူ့ကို ဘယ်လိုလုပ်ပြီး ရောင်းနိုင်မှာလဲ?"

သူမ ၂ခါလောက် ရယ်လိုက်ပြီး " တကယ်လို့ မင်း နည်းနည်းလောက် ထပ်ပေးမယ် ဆိုရင်တော့ ဖြစ်နိုင်ပါတယ်လေ..."

သူ ပြောနေရင်း သူ့ဘေးနားမှာ ရှိနေတဲ့ ရွှမ်အားကွေ့ ကို တံတောင်နဲ့ တွတ်လိုက်သည်။

"ယောက်ျား... ရှင် ပြောကြည့်၊ ကျွန်မ ပြောတာ မှန်လား၊ မှားလား?"

အခု အချိန်မှာ ရွှမ်အားကွေ့ က ငွေချောင်း ၅၀ကိုပဲ စိတ်ထဲ စွဲနေခဲ့သည်။ ငွေချောင်း ၅၀ ရလာတယ်လို့ တွေးလိုက်တာနဲ့ စိတ်တွေ လှုပ်ရှားလွန်းလို့ ခေါင်းတောင် မူးသွားခဲ့သည်။ အဲဒါကြောင့် သူ့မိန်းမ ပြောတာကို အထပ်ထပ် အခါခါ ခေါင်းညိတ်လိုက်ပြီး

"မှန်တယ်၊ မှန်တယ်"

ရွှမ်အားမား မနေနိုင်တော့ဘဲ လှောင်ပြောင်ပြောဆိုလိုက်သည်။

"ငယ်ငယ်လေးကတည်း က အလိုလိုက်ခဲ့တာ? နင်တို့ အဲဒီလို ပြောရဲတယ်ပေါ့"

ပြုံးနေတဲ့ လီလျန်ဟွား တစ်ယောက် မျက်နှာ ပျက်သွားပြီး ရွှမ်အားမား ကို ဒေါသတကြီးနဲ့ စိုက်ကြည့်ကာ ပြောလိုက်သည်။

"ငါတို့ မိသားစု သူ့အပေါ် ဘယ်လောက် ကောင်းတယ်ဆိုတာ နင် မမြင်နိုင်ဘဲနဲ့ ဘာတွေလာပြောနေတာလဲ?"

ကိစ္စတွေ ပြတ်သွားမှာ ကြောက်တာကြောင့် ကျောက်ယန် ကို ပြုံးပြပြီး ပြောလိုက်သည်။

"ရှောင်ကျောက်၊ မျန့်ကောအာ က ကံကောင်းတဲ့သူ ဆိုတာ မင်း သဘောတူလား?

ကျောက်ယန် ရွှမ်မိသားစုနဲ့ ဇယားမရှုပ်ချင်ပေ။ အဲဒါကြောင့် အေးစက်နေတဲ့ လေသံနဲ့ ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ငွေချောင်း ၁၀၀၊ သူ့ကို ရောင်းတယ်လို့ မပြောနဲ့၊ အဲဒီအစား ရွှာသူကြီး ခေါ်ပြီး မိသားစု ခွဲထွက်တဲ့ စာ ရေးပေးတာ ကို လိုချင်တယ်"

သူက အရမ်း ချွဲလွန်းတယ် (Book 2)Where stories live. Discover now