170

900 126 3
                                    

  ကျောက်ယန်ရဲ့ ခန္ဓာကိုယ် က နွေးနေခဲ့သည်။ ချမ်းနေတဲ့ ပိုင်ချန် တစ်ယောက် ဖက်ပြီးတာနဲ့ အောက်ကို ပြန်မဆင်းချင်တောပေ။ ကျောက်ယန်ရဲ့ ခန္ဓာကိုယ် က အေးနေတယ် ဆိုရင်တောင် ပိုင်ချန် အောက်ကို ပြန်မဆင်းချင်ဘူး။

ပိုင်ချန် ကျောက်ယန် ကို ဖက်တွယ်ထားပြီး ပွတ်သပ်လိုက်သည်။ သူ့ရဲ့ နှုတ်ခမ်းတွေ က ကျောက်ယန်ရဲ့ မေးစေ့နားမှာ စိတ်အားထက်သန်စွာနဲ့ လှုပ်ရှားနေခဲ့သည်။

 ပိုင်ချန်ရဲ့ အားကိုးတကြီး ဖက်တွယ်မှုနဲ့ အနမ်းတွေကြောင့် ကျောက်ယန်ရဲ့ စိတ်ထဲမှာ ရှိနေတဲ့ ဒေါသတွေ နည်းနည်းလျော့သွားခဲ့သည်။

ကြွက်သားတွေ အပြည့်ရှိနေတဲ့ ညာဘက်လက်က ပိုင်ချန်ရဲ့ တင်ပါးတွေ ကို ထိန်းထားပေးခဲ့သည်။ ပိုင်ချန် ကို သူ့ခန္ဓာကိုယ်ပေါ်မှာ ပွေ့ချီထားရတာ က ပိုသက်တောင့်သက်သာ ရှိသည်။ မှောင်မိုက်နေတဲ့ ညမှာ သူ့ရဲ့ မျက်လုံးတွေ က အခန်းထဲမှာ ထိုင်လို့ရမယ့် နေရာကို သေချာ ကြည့်လိုက်သည်။ အဲဒီနောက်မှာတော့ ပိုင်ချန် ကို ပွေ့ချီထားရင်း ထိုင်ချလိုက်တာကြောင့် ပိုင်ချန် ကို ပေါင်ပေါ်တင်ပြီး ထိုင်ခိုင်းထားသလို ဖြစ်သွားခဲ့သည်။

မှိန်ပျပျ အလင်းရောင် က အခန်း ကို ထွန်းလင်းသွားစေခဲ့သည်။ ပိုင်ချန် ကျောက်ယန်ရဲ့ ရင်ခွင်ထဲမှာ ရှိနေခဲ့သည်၊ ပိုင်ချန် ခေါင်းကို လှည့်ကြည့်လိုက်တော့ သူ့ရဲ့ ကုတင်ပေါ်မှာ ကျောက်ယန် တင်ထားတဲ့ သစ်သားဘူး တစ်ဘူးကို တွေ့လိုက်ရသည်။ ဖွင့်ကြည့်လိုက်တော့ ဘူးထဲကနေ အရသာရှိတဲ့ အနံ့တွေ ထွက်ပေါ်လာခဲ့သည်။ အစားအစာ ထည့်ထားတဲ့ ဘူး ကို မီးအိမ် ဘေးနားမှာ ချထားလိုက်သည်။

ရေနံဆီ မီးအိမ်က ပိုင်ချန်ရဲ့ အခန်းထဲမှာ ထွန်းလင်းနေခဲ့သည်။

ပိုင်ချန် ဗိုက်ဆာနေတာ ကြာလှပြီ။ အစားအစာရဲ့ အနံ ကို ရလိုက်တော့ ဘူးထဲက စားစရာတွေ ကို ကြည့်ပြီး တံတွေးမျိုချလိုက်သည်။ သူ့ဗိုက်ထဲကနေ အသံ ထွက်လာခဲ့သည်။ တိတ်ဆိတ်နေတဲ့ ညအချိန် ဖြစ်တာကြောင့် သူ့ဗိုက်ထဲက ထွက်လာတဲ့ အသံ က တော်တော်လေး ကျယ်လောင်နေခဲ့သည်။

သူက အရမ်း ချွဲလွန်းတယ် (Book 2)Where stories live. Discover now