ဇနီးမောင်နှံ အချင်းချင်း အရိုအသေ ပေးရတဲ့ အချိန်ရောက်လာတဲ့ အခါမှာတော့ ပျော်ရွှင်စရာကောင်းလို့ ဆူညံနေတဲ့ ပတ်ဝန်းကျင် က ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
ဒီကမ္ဘာမှာ ဇနီးမောင်နှံ အချင်းချင်း။ ဂါရဝပြုတာနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ ဓလေ့ထုံးတမ်း ရှိသည်။ မိန်းကလေး ဒါမှမဟုတ် ကောအာ က အရင် ဦးညွှတ် ဂါရဝပြုပေးပြီးမှ ယောက်ျားလေး က အရိုအသေ ပေးရသည်။ အဲဒီလို လုပ်ရသည်မှာ ယောက်ျားလေး က အိမ်ထောင်ဦးစီး ဖြစ်ပြီး မိန်းကလေး ဒါမှမဟုတ် ကောအာ က အမျိုးသားထက် နိမ့်ကျကာ သူတို့ ခင်ပွန်းဖြစ်သူ ပြောတာကို နာခံတယ် ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်သည်။
ဒါပေမဲ့ ရွှမ်အာမား က "ဇနီးမောင်နှံ ၂ယောက် တစ်ယောက် ကို တစ်ယောက် အရိုအသေပေးပါ"လို့ အော်လိုက်တဲ့ အချိန်မှာ ကျောက်ယန် က ပိုင်ချန် ဒူးထောက်လိုက်တာထက် ၁စက္ကန့် ပိုမြန်တဲ့ အရှိန် နဲ့ ဒူးထောက်လိုက်သည်။ ၂ယောက်သား အရိုအသေ ပေးပြီးနောက် ပိုင်ချန် ထလို့ရအောင် ကူညီပေးခဲ့သည်။
"ဒါက..."
ပိုင်ချန် ကို ဘေးကနေ ထိန်းပေးထားတဲ့ ရွှမ်အာမား က ကျောက်ယန် ကို လှမ်းကြည့်လိုက်သည်။ သူမ အနေနဲ့ မင်္ဂလာပွဲတွေ ကို နှစ်ပေါင်းများစွာ ကျင်းပပေးခဲ့ဖူးပေမယ့် ဒီလို မင်္ဂလာပွဲမျိုး ပထမဆုံး တွေ့ဖူးတာ ဖြစ်သည်။
ကောအာ အရှေ့မှာ ဒူးထောက်ပြီး ကောအာနဲ့ အတူတူ ထရပ်တဲ့ ခင်ပွန်း.... ဒါက မှားနေတယ်လေ။ ဒီလို အရိုအသေ ပေးတာ က မှားနေတယ်။ အိမ်ထောင်ဦးစီး ဖြစ်တဲ့ ခင်ပွန်း က ဘယ်လိုလုပ်ပြီး ခေါင်းငုံ့ထားနိုင်တာလဲ?
ကျောက်ယန် က စိတ်မရှည်တဲ့ အပြင် စည်းမျဉ်းစည်းကမ်းတွေ ကို နားမလည်တာကြောင့် နောက်တစ်ကြိမ် ထပ်ပြီး အရိုအသေ ပေးခိုင်းရမယ်လို့ ရွှမ်အာမား တွေးလိုက်သည်။ လူကြီးမိဘတွေရဲ့ ထိုင်ခုံမှာ ထိုင်နေတဲ့ သမားတော်ကျိုး၊ ရွာလူကြီး နဲ့ ရွာသူရွာသားတွေကလည်း အဲဒီလို တွေးနေကြသည်။ ကျောက်ယန်မှာ မိဘတွေ မရှိပေ။ ဒီစည်းမျဉ်းစည်းကမ်းတွေ ကို သင်ပေးမယ့်သူ မရှိတာကြောင့် သူ မသိတာ ဖြစ်နိုင်တယ်လို့ တွေးလိုက်ကြသည်။
YOU ARE READING
သူက အရမ်း ချွဲလွန်းတယ် (Book 2)
Romanceသူက အရမ်း ချွဲလွန်းတယ် ပိုင်ချန် book 2ပါရှင့်