160

758 110 1
                                    

  ကျန်းမိသားစု က ဆရာသခင် အသိုင်းအဝိုင်းမှာ ပထမ အဆင့် မရှိပေမယ့် သူတို့ က မိသားစုကြီး တစ်စု ဖြစ်တာကြောင့် သူတို့ရဲ့ အင်အား က မဆိုးပေ။ မိသားစုဝင်ပေါင်း ၁၀၀၀ကျော် ရှိသည်။ လက်ရှိ အချိန် မျိုးဆက်သစ် လူငယ်တွေ နည်းပါးနေတဲ့ မိသားစု တော်တော်များများ က မနာလို ဖြစ်ခဲ့ကြရသည်။

အရင်တုန်း က ဆရာသခင် အသိုင်းအဝိုင်းမှာ နာမည်ကြီးပြီး လူတိုင်း မနာလိုဖြစ်ခဲ့ဖူးတဲ့ ကျန်းမိသားစုဟာ အခုတော့ ကျဆုံးမယ့် အချိန် ကို ကျန်းအိမ်တော်မှာ ထိုင်စောင့်နေကြရသည်။

နတ်ဆိုးလမ်းစဉ် ကို ဆရာသခင် အသိုင်းအဝိုင်း က အမြဲတမ်း မုန်းတီးနေခဲ့သည်။ စက်ဆုပ်ရွံရှာတယ်လို့ ပြောရင်တောင် ချဲ့ကားပြောဆိုနေတာ မဟုတ်ချေ။ အရင်တုန်း က သာယာဝပြောခဲ့တဲ့ ဆရာသခင် အသိုင်းအဝိုင်း က အဲဒီ မကောင်းဆိုးဝါးတွေကြောင့် တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့တာကြောင့် ဖြစ်သည်။

ကျန်းမိသားစု က တခြားသူတွေ ကို ထပ်ပြီး ထိခိုက်နစ်နာအောင် လုပ်ဖို့ အတွက် နတ်ဆိုးလမ်းစဉ် အသုံးပြုတာ ကာကွယ်ဖို့၊ သူတို့ မသေခင်မှာ ပြင်းပြင်းထန်ထန် ပြန်လည် တိုက်ခိုက်တာကနေ ကာကွယ်ဖို့ အတွက် အဖွဲ့ချုပ်ရုံး က ကျန်းမိသားစု ကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်နိုင်အောင် လူလွှတ်ပေးထားခဲ့သည်။ ကျန်းမိသားစုဝင်တွေရဲ့ အပြုအမူ၊ အပြောအဆိုတွေ ကို အာရုံစိုက်ထားပြီး တစ်ခုခု ထူးခြားတာနဲ့ ချကချင်း သတင်းပို့ခိုင်းထားရသည်။

ပိုင်ချန် နဲ့ ရှောင်နျဲ့ ၂ယောက်သား တင်းကြပ်တဲ့ စောင့်ကြည့်နေမှုအောက်မှာ ကျန်းမိသားစု အိမ်ထဲကို ဝင်သွားခဲ့ကြသည်။

ပိုင်ချန် နဲ့ ကျန်းမိသားစုကြား မကျေမနပ်ဖြစ်တာတွေ အားလုံး ပြီးဆုံးသွားသလို မိသားစု ၂ခုရဲ့ ဆက်ဆံရေး က လုံးဝ ပြတ်တောက်သွားခဲ့သည်။ ကျန်းမိသား ဘာပဲဖြစ်နေပါစေ ပိုင်ချန် လုံးဝ ဂရုမစိုက်တော့ပေ။ မည်သို့ပင်ဆိုစေကာမူ အစီအရင် ပျက်သွားတာနဲ့ ကျန်းမိသားစုဝင်တိုင်း က အောက်လမ်း အစီအရင်ရဲ့ တန်ပြန်တိုက်ခိုက်မှု ကို ခံခဲ့ရသည်။ ကျန်းမိသားစုဝင် အကုန်လုံး သေဆုံးသွားဖို့ အချိန်ကာလ တစ်ခုသာ လိုလိမ့်မည်။

သူက အရမ်း ချွဲလွန်းတယ် (Book 2)Where stories live. Discover now