ကျောက်ယန် အနေနဲ့ ဒီကမ္ဘာမှာ ထူးခြားဆန်းပြားတဲ့ ပန်းတွေနဲ့ အပင်တွေ ကို မတွေ့ဖူးပေ။ လှပပေမယ့် မိန်းမ,မဆန်တဲ့ ပန်းကို ဆွဲပေးချင်ခဲ့သည်။ ဒါပေမဲ့ ပန်းချီ စဆွဲတဲ့ အခါ သူ့ရဲ့ လက်ကောက်ဝတ် က သူ့ဘာသာသူ လှုပ်ရှားသွားပုံပေါ်သည်။
ကျောက်ယန် ပန်းချီ ဆွဲပြီးတဲ့ အချိန်မှ လျှို့ဝှက်ဆန်းကျယ်တဲ့ ခံစားချက်ကနေ လွတ်မြောက်သွားပုံပေါ်ပြီး ပန်းတစ်ပွင့်ကို ဆွဲထားတာ တွေ့လိုက်ရသည်။ ဒါပေမဲ့ ဘယ်လိုပန်းကို ဆွဲထားမိလဲဆိုတာ သူ မသိပေ။
ပန်း က ကြာပန်းနဲ့ တူသော်လည်း ကြာပန်း မဟုတ်ပေ။ ပန်းပွင့်ရဲ့ သေးသွယ်တဲ့ ပွင့်ဖက်တွေ က လှပသော လူတစ်ယောက် ကခုန်နေပုံ ပေါ်သည်။ အနီရင့်ရောင် ရောပါနေတာကြောင့် ဆွဲဆောင်မှုရှိနေပုံရပြီး သူ့ရဲ့ ရောင်ဝါ က သန့်ရှင်းစင်ကြယ်နေခဲ့သည်။ ဒီပန်းပွင့်က ဆန့်ကျင်ဘက် ၂ခုကို ရောနှောပြီး အပြည့်အဝ ပေါင်းစပ်ထားသည်။ တစ်ချက်ကြည့်လိုက်တာနဲ့ သတိထားမိစေနိုင်ပြီး အကြည့်လွှဲဖို့ တွန့်ဆုတ်နေမိလိမ့်မည်။
ပန်းပွင့်ရဲ့ အလယ်မှာ ထူးထူးခြားခြားနဲ့ အနက်ရောင် အကွက်တစ်ခု ရှိသည်။ အနက်ရောင် အစက်အပြောက် က လူတိုင်း ကို ကြောက်မက်ဖွယ်ကောင်းတဲ့ သတိပေးချက် ကို ခံစားရစေနိုင်သည်။
သူ့ရဲ့ အသွင်အပြင် က လူတိုင်းကို အကြည့်မလွှဲနိုင်လောက်အောင် ဆွဲဆောင်မှု ရှိနေသလိုပဲ တစ်ချိန်တည်းမှာပဲ လူတိုင်း ကို ကြောက်ရွံ့စေသည်။
ဘေးနားမှာ ရှိနေတဲ့ ပီချင်း က ကျောက်ယန်ရဲ့ ရူးသွပ်နေတဲ့ အမူအရာနဲ့ ပန်းပွင့်တွေ ကို ကြည့်လိုက်ပြီးနောက် သူမ ထိတ်လန့်သွားခဲ့သည်။ သူမ ထိတ်လန့်တကြားနဲ့ ပန်းပွင့်တွေ ကို လှမ်းကြည့်လိုက်သည်။ သူမရဲ့ မျက်နှာ ဖြူဖျော့သွားပြီး နှလုံးခုန်သံတွေ မြန်လာကာ သူမရဲ့ နောက်ကျောနဲ့ နဖူးမှာ ချွေးအေးတွေ ထွက်လာခဲ့သည်။
မျက်နှာချင်းဆိုင်မှာ ရှိနေတဲ့ ပိုင်ချန်ကတော့ ကျောက်ယန် ဆွဲထားတဲ့ ပန်းကို ကြည့်ပြီး သဘောကျနေခဲ့သည်။ ဒီပန်းပွင့်နဲ့ ပတ်သက်ပြီး ရင်းနှီးနေတဲ့ ခံစားချက်မျိုး ခံစားနေရသည်။
YOU ARE READING
သူက အရမ်း ချွဲလွန်းတယ် (Book 2)
Romanceသူက အရမ်း ချွဲလွန်းတယ် ပိုင်ချန် book 2ပါရှင့်