165

889 120 0
                                    

"နာသွားလို့လား?"

ပိုင်ချန် ကျောက်ယန်ရဲ့ လက်ကို ထပ်လျက်ပြီး မေးလိုက်သည်။

အကိုက်ခံလိုက်ရတာကနေ ခံစားလိုက်ရတဲ့ နာကျင်မှု က ကျောက်ယန် အတွက် ဘာမှမဖြစ်ပေ။ သူ့ရဲ့ အသားအရေ က ထူလွန်းတာကြောင့် ပိုင်ချန် ကိုက်တာ က ပုရွက်ဆိတ် ကိုက်သလောက်သာ ခံစားလိုက်ရသည်။ အခု ပိုင်ချန် လျက်ပေးတာ ခံလိုက်ရတော့ သူ့ရဲ့ စိတ်ထဲ မရိုးမယွ ဖြစ်သွားခဲ့သည်။ နာကျင်တာကြောင့် မဟုတ်ဘဲ ယားသွားတာကြောင့် ဖြစ်သည်။

ပိုင်ချန် လျက်လိုက်တဲ့ အချိန်မှာ ခံစားလိုက်ရတဲ့ ယားယံမှု က သူ့လက်ဖဝါးပေါ်ရှိ ကိုက်ရာကနေ သူ့ရဲ့ အရိုးထဲ၊ အသားထဲ ပျံ့နှံ့သွားပြီး သူ့ရဲ့ နှလုံးသားထဲထိ ရောက်ရှိသွားခဲ့သည်။ အဲဒီလို ယားယံမှု က သူ့ကို တစ်ခုခု လုပ်ပစ်ချင်စိတ် ပေါ်လာစေခဲ့သည်။

ဒါပေမဲ့ ကျောက်ယန် က အထူး လေ့ကျင့်ရေးမှာ ပါဝင်ခဲ့ရတာကြောင့် သူ့ရဲ့ ခန္ဓာကိုယ် ကို ထိန်းချုပ်နိုင်စွမ်း က ကောင်းမွန်ခဲ့သည်။ သူ့ရဲ့ အကြည့်တွေ နက်ရှိုင်းသွားပြီး ပိုင်ချန်ရဲ့ လက်ထဲ က သူ့လက်ကို ဆွဲထုတ်လိုက်ကာ ပိုင်ချန် ကို ထိန်းထားပေးလိုက်သည်။ အဲဒီနောက်မှာတော့ တစ်ဖက်ကို လှည့်လိုက်ပြီး ပိုင်ချန် ကို ကျောပိုးဖို့ ပြင်လိုက်သည်။

"မလိုချင်ဘူး။ ကျွန်တော့် ကို ချီထားပေး"

ပိုင်ချန် ကျောက်ယန် ကိုတားလိုက်သည်။ ပျော့ပျောင်းပြီး အားနည်းနေတဲ့ လက်မောင်းလေးတွေ က ကျောက်ယန်ရဲ့ လည်ပင်းကို ဖက်တွယ်ထားခဲ့သည်။

ကျောက်ယန် ပိုင်ချန် လို Ge'er တစ်ယောက်ကို ကျောပိုးလာတာကပင် မသင့်တော်တဲ့ ကိစ္စတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ ဒါပေမဲ့ ပိုင်ချန်ရဲ့ မျက်ရည်ဝဲနေတဲ့ မျက်လုံးတွေ ကို တွေ့လိုက်ရတော့ ပိုင်ချန်ရဲ့ တောင်းဆိုမှု ကို သူ မငြင်းဆန်နိုင်ကြောင်း တွေ့ရှိခဲ့သည်။

အရေးအကြီးဆုံး အချက် က ဒီGe'erလေးကို သူ ပွေ့ချီထားချင်နေတယ်။

အဲဒီဆန္ဒ က အရမ်း ကို ပြင်းပြနေခဲ့သည်။

ပြီးတော့ သူက ဒီကမ္ဘာ က မဟုတ်ဘူး။ ဒီနေရာမှာ မလှုပ်နိုင်တဲ့ ရွမ်အာ့ကောင်း တစ်ယောက်တည်း က လွဲပြီး တခြား ဘယ်သူမှ မရှိဘူး။ အဲဒါကြောင့် Ge'erလေးရဲ့ ဂုဏ်သတင်း က ထိခိုက်မှာ မဟုတ်ဘူး။

သူက အရမ်း ချွဲလွန်းတယ် (Book 2)Where stories live. Discover now