ကမ္ဘာငယ်လေးရဲ့ ပေါက်ကွဲရာမှ ထွက်လာတဲ့ စွမ်းအင်က အရမ်း ကြီးမားလွန်းခဲ့သည်။ စနစ် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း စွမ်းအင်ကြောင့် လွင့်ထွက်သွားခဲ့သည်။ သူ့ရဲ့ စွမ်းအင်တွေ ယိမ်းယိုင်သွားရုံတင် မဟုတ်ဘဲ စနစ်ကို အစကနေ ပြန်စစေခဲ့သည်။ အဲဒါကြောင့် သူ့သခင်လေး ကို တောင်းဆိုထားတဲ့သူဆီ ခေါ်သွားတဲ့ နေရာမှာလည်း ပြဿနာ တက်သွားကာ ပို့လိုက်တဲ့ အချိန် လွဲမှားသွားခဲ့သည်။ အဲဒါတင် မကဘဲ သူ့သခင်လေး ကို ကောင်းကောင်း မကာကွယ်နိုင်ခဲ့တာကြောင့် အထိတ်တလန့် ဖြစ်သွားစေခဲ့သည်။
အခု zombie ဖြစ်နေတဲ့ သူ့သခင်လေး ကို စနစ် ရင်နာနာနဲ့ ကြည့်နေခဲ့ရသည်။
သူ့ရဲ့ သခင်လေး က ဒီလို ခက်ခဲတဲ့ အခြေအနေမျိုး ဘယ်တုန်း က ကြုံဖူးလို့လဲ? ကံကောင်းတာ တစ်ခု က သူ့ရဲ့ သခင် က သူ့သခင်လေး အနားမှာ ရှိနေခဲ့သည်။ သူ့သခင်ရဲ့ စိတ်ထားအရဆို ဘယ်ကမ္ဘာရောက်ရောက် သခင်လေး ကို အမြဲတမ်း ဂရုစိုက်ပေးလိမ့်မယ်။
စနစ် ကုတင်ပေါ်မှာ လှဲအိပ်နေတဲ့ အရပ်ရှည်ရှည် အမျိုးသား ကို ကြည့်လိုက်တော့ လုံခြုံမှု အပြည့်အဝ ပေးနိုင်တဲ့ အရှိန်အဝါတွေနဲ့ ပြည့်နေခဲ့သည်။
ဘယ်လိုပဲဖြစ်ဖြစ် စနစ် အလုပ်ကြိုးစားရတော့မယ်။ သူ့ရဲ့ သခင်လေး ကို မြန်မြန် ပြန်ကောင်းလာအောင် လုပ်ပေးဖို့ ကြိုးစားရမယ့် အချိန်ကျပြီ။
မနက်စောစောမှာ မော့ရန် စောစော နိုးလာခဲ့သည်။ မျက်လုံး ဖွင့်လိုက်တာနဲ့ သူ့ဘေးမှာ လှဲနေတဲ့ zombieလေး က သူ့ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေတာ တွေ့လိုက်ရသည်။
သူ့zombieလေးရဲ့ အပြုအမူကြောင့် မော့ရန် မနက်စောစောစီးစီး ပျော်သွားပြီး တက်ကြွလန်းဆန်းနေခဲ့သည်။ သူ့zombieလေးရဲ့ ခါးကို ဖက်လိုက်ပြီး zombieလေးရဲ့ နှုတ်ခမ်း ကို အကြိမ် အနည်းငယ် ထိလိုက်သည်။
ထို့နောက် နေရာလွတ်ထဲ က သူ ပြင်ဆင်ထားတဲ့ ရေချိုးခန်းသုံး ပစ္စည်းတွေ ကို ထုတ်လိုက်သည်။ သူ လှည့်ကြည့်လိုက်တော့ zombieလေး က သူ့အနောက်မှာ ရပ်နေတာ တွေ့လိုက်ရသည်။ မော့ရန် ခဏလောက် စဉ်းစားလိုက်သည်။ ထို့နောက် နေရာလွတ်ထဲ က ပစ္စည်း အနည်းငယ် ထပ်ထုတ်လိုက်သည်။ သူ့zombieလေးရဲ့ မျက်နှာ ကို သစ်ပေးလိုက်ပြီးနောက် zombieလေးရဲ့ သွားတွေ ကို သွားတိုက်ပေးလိုက်သည်။
YOU ARE READING
သူက အရမ်း ချွဲလွန်းတယ် (Book 2)
Roman d'amourသူက အရမ်း ချွဲလွန်းတယ် ပိုင်ချန် book 2ပါရှင့်