'လက်ထပ်ဖို့ ပြင်ဆင်နေပြီလား?'
ပိုင်ချန်ရဲ့ မျက်နှာပေါ် က အမူအရာဟာ သိသာလွန်းနေခဲ့ပြီး သူ ပီချင်း ကို လှည့်ကြည့်လိုက်သည်။ ပီချင်း ကြောင်အသွားပြီး သူမရဲ့ စိတ်ထဲ အတွေးတစ်ခု ပေါ်လာခဲ့သည်။
"သခင်လေး မသိဘူးလား?"
ပီချင်း ဒီအိမ်ကို ရောက်ပြီး ရက်နည်းနည်း ကြာတော့ အဝတ်လျှော်ဖို့ အပြင်ထွက်ရင်း ရွာထဲက လူတွေနဲ့ စကားပြောခဲ့သည်။ ပိုင်ချန်ရဲ့ ဘဝ အကြောင်းကို သူမ သိလာခဲ့ရသည်။
ရွှမ်မိသားစု က ဖိနှိပ်ချုပ်ချယ်လွန်းပြီး ပိုင်ချန် ကို အမြတ်ထုတ်ဖို့ လုပ်နေတယ်လို့ သူမ တွေးလိုက်မိသည်။ ပိုင်ချန်ကို ဓလေ့ထုံးတမ်းတွေ အကြောင်း မသင်ပေးထားတာ ဖြစ်ရမယ်လို့ တွေးရင်း စိတ်မကောင်း ဖြစ်သွားခဲ့သည်။
ပီချင်း သူ့အတွက် စိတ်မကောင်းဖြစ်သွားတာကြောင့် ပိုင်ချန် ကို ဂရုတစိုက်နဲ့ စိတ်ရှည်ရှည်ထားပြီး ရှင်းပြခဲ့သည်။
"ဒါ ကျွန်မတို့ ရှု တိုင်းပြည်ရဲ့ ထုံးစံပါ။ မိန်းကလေးပဲဖြစ်ဖြစ်၊ ကောပဲ ဖြစ်ဖြစ် အိမ်ထောင်ပြုတော့မယ် ဆိုရင် သူ့ရဲ့ မင်္ဂလာဝတ်စုံ ကို ကိုယ်တိုင် ချုပ်ဖို့ လိုတယ်။ အနာဂတ်မှာ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေး ကို ရရှိပါစေလို့ အဓိပ္ပါယ်ရတယ်။ မင်္ဂလာဝတ်စုံ က ပိုပြီး အသက်ဝင်လှပလေ အိမ်ထောင်ရှင် ဘဝ က ပိုပြီး အဆင်ပြေလေလို့ ပြောကြတယ်။ ကြင်စဦး ဇနီးမောင်နှံ က သားသမီးတွေ ထွန်းကားပြီး ကောင်းချီးတွေနဲ့ အချင်းချင်း အမြဲတမ်း ချစ်နေကြလိမ့်မယ်။ ယောက္ခမ မိသားစုကလည်း သူတို့ ချွေးမ လိမ္မာပြီး တော်လား ဆိုတာ ကို ဆုံးဖြတ်ဖို့ မင်္ဂလာဆောင် ဝတ်စုံ ကို ကြည့်ကြတယ်"
ပိုင်ချန် ခေါင်းညိတ်ပြလိုက်သည်။
ပီချင်းရဲ့ စကားတွေ နားထောင်ပြီး မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်ထဲက အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ကို ပြန်စဉ်းစားခဲ့သည်။
ဒါပေမဲ့ ကျေးလက် ဒေသ ဖြစ်တာကြောင့် ထူးထူးခြားခြား မရှိပေ။ လယ်သမား အများစု က ပိုက်ဆံ ချွေတာဖို့ လိုအပ်တာကြောင့် အနီရောင် ပိတ်စအကြမ်း အချို့ကိုသာ ချုပ်လုပ်တတ်ကြသည်။ မင်္ဂလာပွဲ အတွက် အနီရောင် ပိတ်စ က သူတို့အတွက် အရမ်း ဈေးကြီးလွန်းသည်။ အနီရောင် ပိတ်စ က လက်ထပ်တဲ့နေ့က လွဲပြီး တခြားနေ့တွေ ဝတ်လို့မရပေ။ အဲဒါကြောင့် မင်္ဂလာဆောင် ဝတ်စုံ ကို ခဏခဏ ဝတ်လို့ရမယ့် ပိတ်စမျိုးနဲ့ ချုပ်ကြပြီး သူတို့ ကြိုက်တဲ့ ပုံစံနဲ့ ပန်းထိုးကြသည်။ အဲဒီလို ချုပ်လိုက်ရင် နောင်တစ်ချိန် ဆွေမျိုးတွေဆီ သွားလည်ရတဲ့ ပွဲတော်တွေမှာ ပြန်ဝတ်လို့ ရလိမ့်မည်။
YOU ARE READING
သူက အရမ်း ချွဲလွန်းတယ် (Book 2)
Roman d'amourသူက အရမ်း ချွဲလွန်းတယ် ပိုင်ချန် book 2ပါရှင့်