ကျန်းမိသားစုမှာ မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေ အရ သူတို့ရဲ့ ဘိုးဘေး ကျန်းရှင်းချန် သည် ကြီးမြတ်ပြီး အစွမ်းထက်တဲ့သူ ဖြစ်သည်။ သူက ဒီလောကရဲ့ မကောင်းတဲ့ သရဲ၊တစ္ဆေတွေနဲ့ နတ်ဆိုးတွေ ကို ဖယ်ရှားသုတ်သင်ပြီး လောကကြီး ကို ဂရုစိုက်တဲ့ ဖြောင့်မတ်သူ ဖြစ်သည်။
အခုတော့ သူတို့ ဘိုးဘေးရဲ့ အလောင်းမှာ မကောင်းဆိုးဝါး ချီ တွေဖြင့် ပြည့်နှက်နေတာ တွေ့လိုက်ရသည်။
"အဲဒါ မင်းလို အကျင့်မကောင်းတဲ့ လူတွေ လုပ်ထားတာ ဖြစ်ရမယ်!"
ကျန်းမိသားစုဝင် တစ်ယောက် က အပြစ်တွေ ကို ပိုင်ချန်ရဲ့ ခေါင်းပေါ် တွန်းပို့ခဲ့သည်။
"ဟုတ်တယ်၊ မင်းက ငါတို့ ဘိုးဘေး ကို ကျိန်ဆဲနေတဲ့သူလေ၊ ငါတို့ ဘိုးဘေးရဲ့ အလောင်းကိုသုံးပြီး မင်း လေ့ကျင့်နေတာ ဖြစ်ရမယ်"
ကျန်တဲ့လူတွေကလည်း ပိုင်ချန် ကို ကြည့်ပြီး ဒေါသတကြီး ပြောလာကြသည်။
ပိုင်ချန် သူတို့ကို ဘာမှပြန်မပြောခဲ့ပေ။ အကြီးအကဲကျန်းဆီ လျှောက်သွားပြီး ဆွဲခေါ်လာကာ အကြီးအကဲကျန်းရဲ့ ခေါင်းကို ခေါင်းတလားပေါ် ဖိထားလိုက်သည်။
"မင်း ဘာလုပ်ချင်နေတာလဲ?"
ပိုင်ချန် က သူ့ကို ခေါင်းတလားပေါ် ဖိထားတာကြောင့် လှုပ်ရှားလို့မရဘဲ နည်းနည်းသာ ရုန်းကန်လို့ ရခဲ့သည်။
ကျန်းကျန့်ဟွာ တို့ သားအဖနဲ့ ကျန်တဲ့ မိသားစုဝင်တွေ က ပိုင်ချန် သူတို့ရဲ့ အကြီးအကဲကို အခုလို စော်ကားနေတာ ကြည့်ပြီး ဒေါသတွေ ထွက်လာခဲ့ကြသည်။ ကျန်းဝမ်ချင်း ကို ကယ်ဖို့ ကြိုးစားချင်ပေမယ့်လည်း ရှောင်နျဲ့ရဲ့ အနက်ရောင် မျက်လုံးတွေဖြင့် တစ်ချက်လောက် ကြည့်လိုက်တာနဲ့ အဲဒီလူတွေ အကုန်လုံး နေရာမှာတင် တောင့်ခဲသွားပြီး မလှုပ်ရဲကြတော့ပေ။
ဒီမှာ ရှိနေတဲ့ ကျန်းမိသားစုဝင်တွေရဲ့ တိုက်ခိုက်နိုင်စွမ်း က ၁၀ဆလောက် တိုးသွားရင်တောင် သူတို့ ရှောင်နျဲ့ကို အနိုင်တိုက်နိုင်မှာ မဟုတ်ပေ။
ပိုင်ချန် ကြေးနီဓားကို ကိုင်ထားပြီး ကျန်းဝမ်ချင်းရဲ့ လက်ကို ဆွဲယူလိုက်သည်။ ကျန်းဝမ်ချင်းရဲ့ လက်ဖဝါးကို ဓားနဲ့ ရှအောင် လုပ်လိုက်ပြီး ဒဏ်ရာ က ကျလာတဲ့ သွေးတွေ ကို ခေါင်းတလားထဲရှိ အရိုးစု အပေါ် စီးဆင်းစေခဲ့သည်။
YOU ARE READING
သူက အရမ်း ချွဲလွန်းတယ် (Book 2)
Romanceသူက အရမ်း ချွဲလွန်းတယ် ပိုင်ချန် book 2ပါရှင့်