အခန်း က သိပ်မကြီးပေ။ ကျောက်ယန် မြန်မြန်ဆန်ဆန်ပဲ လုပ်ကိုင်ခဲ့သည်။ ခဏနေတော့ အားလုံး ပြီးသွားခဲ့ပေမယ့် သူ့ခန္ဓာကိုယ် က ပူနေခဲ့သည်။ အခု က နွေရာသီ ရောက်နေပြီ ဖြစ်ပြီး သန့်ရှင်းရေး လုပ်ရတာကြောင့် ချွေးတွေ ရွှဲနေခဲ့သည်။
သူ့ရဲ့ ကိုယ်မှာ ချွေးတွေ ရွှဲနေတာ တွေ့လိုက်ရတော့ ပိုင်ချန် ထိုင်ခုံကနေ ထလိုက်ပြီး ကျောက်ယန် ကို ချွေးသုတ်ပေးဖို့ ပုဝါ နဲ့ ရေ တစ်ခွက် ခပ်ရန် ခြံထဲ ကို သွားလိုက်သည်။ ဒါပေမဲ့ ခြေထောက်နဲ့ မြေကြီး ကို ထိလိုက်တာနဲ့ အော်ပြီး ထိုင်ခုံပေါ် ပြန်ထိုင်ကျသွားခဲ့သည်။
ကျောက်ယန် သူ့ခန္ဓာကိုယ် က ချွေးနံ့ထွက်နေတာကို ဂရုမစိုက်နိုင်တော့ဘဲ ပိုင်ချန်ရဲ့ အနား ကို အပြေးသွားပြီး ထိန်းပေးလိုက်သည်။ အဲဒီနောက်မှာတော့ ထိုင်ချလိုက်ပြီး ပိုင်ချန်ရဲ့ ခြေထောက် က ခြေအိတ်နဲ့ ဖိနပ်တွေ ချွတ်ကာ ဒဏ်ရာရနေတဲ့ ခြေကျင်းဝတ်ကို ကြည့်လိုက်သည်။
ပိုင်ချန်ရဲ့ ခြေကျင်းဝတ် က ရောင်နေတာကို တွေ့လိုက်ရသည်။
သူ့ရဲ့ မျက်ခုံးတွေ တွန့်သွားခဲ့သည်။
ပိုင်ချန် အောက်ကို ငုံ့လိုက်ပြီး ဒူးတစ်ဖက် ထောက်နေတဲ့ ကျောက်ယန် ကို ဖက်ထားလိုက်သည်။
"ကျွန်တော် ဂရုမစိုက်လို့ပါ။ မြင်ရသလောက် မဆိုးပါဘူး။ အဆင်ပြေပါတယ်"
ပိုင်ချန် ဒီကို လာတဲ့ အချိန်တုန်း က ခြေကျင်းဝတ် ရောင်မနေခဲ့ပေ။ ကျောက်ယန် လုပ်လက်စ အလုပ်တွေ ကို ရပ်ထားပြီး ပိုင်ချန်ရဲ့ ခြေကျင်းဝတ် ကို ကြည့်လိုက်သည်။ အဆင်ပြေတယ် ဆိုပေမယ့် ပိုင်ချန်ရဲ့ ခြေကျင်းဝတ် ရောင်နေတာကို သူ သတိမထားမိခဲ့ပေ။
ပိုင်ချန် သူ့ကိုယ်သူ အပြစ်တင်နေတဲ့ အချိန် ကျောက်ယန်ကလည်း သူ့ကိုယ်သူ အပြစ်တင်နေခဲ့သည်။ ကျောက်ယန် သူ့ကိုယ်သူ အပြစ်တင်နေတာကို တွေ့လိုက်ရတော့ သူဘက်က စပြီး အာရုံပြောင်းဖို့ ကြိုးစားလိုက်သည်။
"ကျောက်ယန် ခြေထောက် က နာတယ်...."
ပိုင်ချန် ကျောက်ယန် ကို ညင်သာစွာ ပြောလိုက်သည်။
YOU ARE READING
သူက အရမ်း ချွဲလွန်းတယ် (Book 2)
Romantikသူက အရမ်း ချွဲလွန်းတယ် ပိုင်ချန် book 2ပါရှင့်