149(End)

1.3K 134 5
                                    

 အခုချိန်မှာ သူတို့ ၂ယောက် က မတူညီတဲ့ ဘဝတွေ ဖြစ်နေခဲ့သည်။ ပိုင်ချန် က ဖုတ်ကောင် ဖြစ်နေခဲ့သည်။ မော့ရန် က အဲဒီကိစ္စ ကို ဘယ်လောက်ပဲ တွေးနေပါစေ၊ သူ စိတ်ဆန္ဒရှိတဲ့ အတိုင်း လုပ်လို့မရခဲ့ပေ။

မော့ရန် ပိုင်ချန် ကို ဖက်ထားပြီး ကုတင်ပေါ် ထိုင်လိုက်သည်။ သူ့ရဲ့ လက်က ပိုင်ချန်ရဲ့ အေးစက်တဲ့ လည်ကုပ် ကို ခဏလောက် ညှစ်ထားပြီး အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူ ပိုင်ချန်ရဲ့ နှုတ်ခမ်းတွေကနေ ဖယ်လိုက်ပြီး ပိုင်ချန်ရဲ့ ဖြူဖျော့နေတဲ့ မျက်နှာ ကို စုပ်လိုက်သည်။ 

'အေးတယ်၊ နူးညံ့တယ်၊ အရသာ ရှိတယ်'

မော့ရန် သူ့ပါးစပ်ကို မထိန်းနိုင်လောက်အောင် ဖြစ်သွားခဲ့သည်။

သူ့ရဲ့ လုပ်ရပ်ကြောင့် ပိုင်ချန်ရဲ့ မျက်နှာမှာ တံတွေးတွေ ပေကျံသွားခဲ့သည်။

ပိုင်ချန်ရဲ့ မသိစိတ် က လက်မြှောက်ပြီး သုတ်ဖို့ ပြင်လိုက်သည်။

မော့ရန် ပိုင်ချန်ရဲ့ လက်ကို လှမ်းဆွဲလိုက်သည်။ အေးစက်နေတဲ့ လက်ကောက်ဝတ်လေး က သူ့ရဲ့ လက်ထဲ ရောက်လာတော့ မော့ရန်ရဲ့ စိတ်တွေ ပြန်တက်ကြွလာခဲ့သည်။ သူ ပိုင်ချန်ရဲ့ လက်ကောက်ဝတ်ကို သူ့ရဲ့ လက်မ နဲ့ ပွတ်လိုက်သည်။

လက်ကို လှမ်းဆွဲထားရင်း ပိုင်ချန် ကို ပြောလိုက်သည်။

"ပေါင်ပေ့၊ ကိုယ် က မင်းရဲ့ လောင်ကုန်း လေ၊ မသုတ်နဲ့"

မော့ရန် စိတ်ထဲကနေ တစ်ခုခု တွေးနေသလိုမျိုး ၂ခါလောက် ရယ်လိုက်သည်။ ထို့နောက် ပိုင်ချန်ရဲ့ လည်ပင်း အနောက်ကို ဖိထားပြီး ပိုင်ချန်ရဲ့ နားနားကပ်ကာ ပူနွေးနေတဲ့ လေသံနဲ့ ပြောလိုက်သည်။ 

"ပေါင်ပေ့ ကိုယ်တို့ နောက်တစ်ခါလောက် ထပ်ကြိုးစားကြည့်မလား?"

သူ ပိုင်ချန်ရဲ့ မျက်နှာကို လက်ညှိုးနဲ့ ထိလိုက်သည်။ အဲဒါက မျက်နှာကို လျက်ပြီး စုပ်တာလောက်ဆိုပေမယ့် သူ လေသံ က တခြား မတူတဲ့ အရာတစ်ခုကို ပြောနေသလို ဖြစ်နေခဲ့သည်။

ပိုင်ချန် သူ ပြောချင်တာကို နားလည်ခဲ့သည်။ သူတို့ ၂ယောက် က ကမ္ဘာပေါင်းများစွာ အတူတူ ဖြတ်သန်းခဲ့ရသဖြင့် သူတို့ မလုပ်ဖူးတဲ့ အရာဆိုတာ ရှိပါဦးမလား? သူလည်း မော့ရန် နဲ့ နီးနီးကပ်ကပ် နေချင်တယ်။ သူတို့ရဲ့ ခန္ဓာကိုယ်တွေကြောင့်သာ ရင်းရင်းနှီးနှီး နီးနီးကပ်ကပ် နေလို့ မရတာ ဖြစ်သည်။

သူက အရမ်း ချွဲလွန်းတယ် (Book 2)Where stories live. Discover now