"ဆေးလိမ်းပြီး နှိပ်ပေးလိုက်ရင် အဆင်ပြေသွားလိမ့်မယ်။ ရက်နည်းနည်းကြာတဲ့ အထိ လမ်းလျှောက်တာမျိုး မလုပ်ပါနဲ့။ အခြေအနေ ပိုမဆိုးသွားအောင် အိမ်မှာ နေတာ အကောင်းဆုံးပဲ"
သမားတော် ကျိုး က ပိုင်ချန်ရဲ့ ခြေကျင်းဝတ်ကို လွှတ်ပေးလိုက်ပြီး မတ်တပ် ထရပ်ကာ အိမ်ထဲ ဝင်သွားခဲ့သည်။
ပိုင်ချန်ရဲ့ ခြေကျင်းဝတ်တွေ က ရောင်နေသေးပြီး ကျောက်ယန် က သူ့ဘေးမှာ ရပ်နေတာကြောင့် သူ့ရဲ့ ခံစားချက်တွေ ကို ထိန်းချုပ်မထားတော့ပေ။ သမားတော်ကျိုး သူ့ရဲ့ ခြေထောက်ကို ညှစ်လိုက်တဲ့ အချိန် နာသွားတာကြောင့် မျက်မှောင်ကြုတ်လိုက်သည်။
သမားတော်ကျိုး ထွက်သွားတာနဲ့ သူ့ကို စိုးရိမ်တဲ့ အမူအရာနဲ့ ကြည့်နေတဲ့ ကျောက်ယန် ကို ဒေါသတကြီးနဲ့ ပြောလိုက်သည်။
"ကျောက်ယန်၊ နာတယ်....."
နူးညံ့ ပျော့ပျောင်းနေတဲ့ အသံလေး၊ နီရဲနေတဲ့ နှာခေါင်းလေး၊ မျက်ရည်တွေ ဝဲနေပြီး ချစ်ဖို့ကောင်းနေတဲ့ မျက်ဝန်းတစ်စုံကြောင့် ကျောက်ယန် ရင်နာသွားကာ စိတ်ဆင်းရဲသွားခဲ့ရသည်။ သူ့ပေါင်ပေ့ရဲ့ နာကျင်မှုတွေ ကို သူ့ခန္ဓာကိုယ်ပေါ် လွှဲပြောင်းယူပြီး သူကိုယ်တိုင် အနာခံလိုက်ချင်စိတ် ပေါက်လာခဲ့သည်။
ပိုင်ချန် တစ်ဖက်ကို လှည့်လိုက်ပြီး လက်၂ဖက်ကို ဆန့်တန်ုးကာ ကျောက်ယန် ကို ကြည့်လိုက်သည်။
သူ ပြောချင်တာက သူ့ကို ဖက်ထားပြီး ချော့ပေးဖို့ ဖြစ်သည်။
ကျောက်ယန် အရှေ့ကို တိုးလိုက်ပြီး ပိုင်ချန် ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းကာ ကျောကုန်း ကို အသာလေး ပုတ်၍ ချော့ပြောလိုက်သည်။
"ပေါင်ပေ့ က လိမ္မာပါတယ်၊ ခဏလေး သည်းခံလိုက်နော်"
ပိုင်ချန် က ရွမ်အာ့ကောင်း ကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ခဲ့တာကြောင့် ဒဏ်ရာ ရခဲ့တာ ဆိုပေမယ့် သူ့ရဲ့ ခန္ဓာကိုယ် က ကြွေရုပ်လေးလို ထိလိုက်တာနဲ့ ကွဲကြေသွားနိုင်အောင် နူးညံ့နေခဲ့သည်။ ကျောက်ယန် တစ်ယောက် သူ့ကို ကောင်းကောင်း ဂရုစိုက်ပေးချင်ခဲ့သည်။
YOU ARE READING
သူက အရမ်း ချွဲလွန်းတယ် (Book 2)
Romanceသူက အရမ်း ချွဲလွန်းတယ် ပိုင်ချန် book 2ပါရှင့်