ဆောင်းဦးရာသီ ရောက်လာပြီ ဆိုတော့ ရာသီဥတုက ပိုအေးလာခဲ့သည်။ ပိုင်ချန် က သမားတော်ကျိုးရဲ့ အိမ်မှာနေ၍ ဆေးပညာသင်နေခဲ့ပြီး ရွာသားတစ်ချို့ရဲ့ ခေါင်းကိုက် ဝေဒနာ ကို ကူပြီး ကုသပေးနေခဲ့သည်။ အဲဒါကို အခွင့်ကောင်းယူပြီး သူတို့ အိမ်ရဲ့ အပူပေးစနစ် ကို ပြင်ဖို့ လူတစ်ချို့ ရှာခဲ့သည်။
သူက သန်မာတာကြောင့် အရင်တုန်း က သူ တစ်ယောက်တည်း နေတဲ့ အချိန် ဆောင်းရာသီမှာ အပူပေးရမယ့် ပြဿနာ ကို ဘယ်တော့မှ မတွေးခဲ့ဘူးပေ။ အခု သူနဲ့အတူ ပိုင်ချန် ရှိလာပြီ ဖြစ်တာကြောင့် သူ့အနေနဲ့ အဲဒါကို ဆောင်းရာသီ မတိုင်ခင် ကြိုပြီး ပြင်ဆင်ထားမှ အဆင်ပြေလိမ့်မည်။
ပိုင်ချန်ရဲ့ ခန္ဓာကိုယ် က အရမ်း အေးစက်နေခဲ့သည်။ ဆောင်းရာသီ ရောက်လာတာနဲ့အမျှ ခန္ဓာကိုယ် က အေးနေတာကြောင့် အပူပေးတဲ့ အခန်းထဲမှာ တစ်ရက်ကို ၁၂ နာရီလောက် နေနေခဲ့ရသည်။ အခန်းထဲမှာပဲ နေနေပြီး အပြင်ကို ခြေတစ်လှမ်းတောင် မလှမ်းချင်ပေ။ သူ့အနေနဲ့ ကုတင်ပေါ်တွင်သာ အိပ်နေခဲ့ပြီး သူ့ကိုယ်သူ စောင်နဲ့ တင်းတင်းကျပ်ကျပ် ထုပ်ပိုးထားခဲ့သည်။ သူ့ရဲ့ အနက်ရောင် ခေါင်းလုံးလုံးလေးကိုသာ တွေ့နိုင်သည်။
ကျောက်ယန် သူ့ကို ကြည့်ပြီး ခေါင်းကို ယမ်းလိုက်မိသည်။ အအေးဆုံးနေ့ မဟုတ်သေးသော်လည်း အေးနေတယ် လို့ ပြောရမည်။ ဒီဆောင်းရာသီ တစ်ခုလုံး အပြင်မထွက်ဘဲ အခုလိုမျိုး အခန်းထဲမှာ ခိုအောင်းမယ် ဆိုပါက ဘယ်လောက်ပဲ ကျန်းမာတဲ့သူ ဖြစ်နေပါစေ၊ ကြာလာရင် မကောင်းပေ။ ပိုင်ချန်ရဲ့ ခန္ဓာကိုယ် က အားနည်းလွန်းပြီး အာဟာရမပြည့်ဝခဲ့ချေ။
အအေးဆုံးနေ့ မဟုတ်သေးပေမယ့် စောင်ပုံထဲ ရောက်နေတဲ့ ပိုင်ချန် ကို ခေါ်ထုတ်ပြီး ပိုင်ချန် အတွက် ပြင်ဆင်ပေးထားတဲ့ အနွေးထည်တွေဖြင့် တင်းတင်းကျပ်ကျပ် ဝတ်ဆင်ပေးထားလိုက်သည်။ နားရွက်ကိုပင် ဖုံးအုပ်ထားပေးတာကြောင့် တောက်ပနေတဲ့ မျက်ဝန်းတစ်စုံသာ ပေါ်လွင်နေခဲ့သည်။
"လိမ္မာတယ်နော်။ ကိုယ်တို့ လမ်းလျှောက်ထွက်ပြီးတာနဲ့ ပြန်လာမယ်။ အဲဒီလိုဆိုရင် အေးနေတော့မှာ မဟုတ်ဘူး"
YOU ARE READING
သူက အရမ်း ချွဲလွန်းတယ် (Book 2)
Storie d'amoreသူက အရမ်း ချွဲလွန်းတယ် ပိုင်ချန် book 2ပါရှင့်