183

484 59 0
                                    

 ပျော်စရာကောင်းတဲ့ မင်္ဂလာပွဲလေး ဖြစ်ခဲ့သည်။ ကိစ္စပေါင်း များစွာကို ကိုင်တွယ်နေရတဲ့ လူတစ်ယောက် အနေဖြင့် ရွှမ်အားကွေ့ တို့ မိသားစု က လွဲပြီး တစ်ရွာလုံး က ရွာသူရွာသားတွေ ကို ဖိတ်ကြားခဲ့ရုံသာမက၊ စီးပွားရေးလုပ်ရာကနေ သိလာသမျှ လူတွေ အားလုံးကို သူ့ မင်္ဂလာပွဲ တက်ရောက်ပေးဖို့ ဖိတ်ကြားခဲ့သည်။

သူ့ခြံက သေးသေးလေး ဖြစ်နေတာကြောင့် ဧည့်ခံပွဲ ကျင်းပဖို့ မသင့်တော်ခဲ့ပေ။ အဲဒါကြောင့် ဧည့်ခံပွဲ ကို သူ့အိမ်အပြင်ဘက်မှာ လွတ်နေတဲ့ မြေကွက်လပ်ကြီးကို ရှင်းလင်းပြီး စားပွဲတွေ ချပေးထားကာ တိုင်တွေ အများကြီး စိုက်၍ မီးပုံး အနီတွေ ချိတ်ပေးထားခဲ့သည်။ တိုင်တွေမှာ ချိတ်ဆွဲထားတဲ့ မီးပုံး အနီတွေကြောင့် ပွဲလမ်းသဘင်ရဲ့ အငွေ့အသက် ရှိပြီး အသက်ဝင်နေခဲ့သည်။

ကျောက်ယန် ဧည့်ခံရမယ့် ဧည့်သည်တွေ အများကြီး ရှိနေခဲ့သည်။ တက်ရောက်လာခဲ့တဲ့ လူတွေဆီကနေ အကူအညီတွေ အများကြီး ရရှိခဲ့ဖူးသည်။ လိုအပ်ချက် အားလုံး ကို ထည့်သွင်း စဉ်းစားပေးထားသောကြောင့် လူတိုင်း က ပျော်ရွှင်စွာ စားသောက်နေခဲ့ကြသည်။

ကျောက်ယန်ရဲ့ မင်္ဂလာဧည့်ခံပွဲမှာ မြို့တွင်းရှိ နာမည်ကြီးစားဖိုမှူးမှ ချက်ပြုတ်ပေးထားသော ငါးကြီး၊ အသားကြီးတွေဖြင့် ပြည့်နေခဲ့သည်။ ညလေညင်း က သယ်ဆောင်လာတဲ့ ရနံ့က ၁၀မိုင်ခရီး ကို ဖြတ်သန်းသွားနိုင်တယ်လို့ ပြောကြတာကြောင့် လူတိုင်း အလွယ်တကူ အနံ့ရပြီး စားချင်စိတ် ပေါ်လာစေခဲ့သည်။ ရိုးရှင်းလှတဲ့ ရွှမ်မိသားစု ရွာသားတွေ အနေဖြင့် အနံ့ရတာနဲ့ သွားရည်ကျနေခဲ့ရသည်။

ဧည့်ခံပွဲ စတာနဲ့ လူတော်တော်များများ က စကားစမြည် ပြောနေတာ ကို ချက်ချင်းပဲ ရပ်လိုက်ကြသည်။ စစ်ပွဲမှာ တိုက်ခိုက်ရတဲ့ သူရဲကောင်း စစ်သည်တွေလိုမျိုး စားပွဲပေါ် က ပန်းကန် အတွက် တိုက်ပွဲဝင်ခဲ့ကြသည်။

ရောက်လာသမျှ လူတိုင်းရဲ့ ပါးစပ်မှာ အဆီတဝင်းဝင်း ဖြစ်နေတာကြောင့် ဒီဧည့်ခံပွဲ က နှစ်သစ်ကူး အကြိုမှာ ကျင်းပတဲ့ ပွဲထက် ပိုအသက်ဝင်နေခဲ့သည်။ ကျောက်ယန် အတွက် သေရည်တွေ လာထည့်ပေးကြသည်။

သူက အရမ်း ချွဲလွန်းတယ် (Book 2)Where stories live. Discover now