ပိုင်ချန် ကို ပီချင်း က အမွှေးနံ့သာ စိမ်ထားတဲ့ ရေနွေးနဲ့ ချိုးဖို့ ဆွဲခေါ်သွားခဲ့သည်။ အမွှေးနံ့သာ အဖြစ် သုံးထားတဲ့ ပန်းတွေ ကို ဒီနေ့ မနက်စောစောမှာ ခူးထားခဲ့တာ ဖြစ်သည်။ သမားတော်ကျိုးရဲ့ ဝါသနာက ဆေးပင်တွေ စိုက်ပျိုးရတာ ဖြစ်ပေမယ့် သူ့ရဲ့ အားလပ်ချိန်တွေမှာ ပန်းကြည့်တာနဲ့ စစ်တုရင် ကစားရတာကို သဘောကျသည်။ အဲဒါကြောင့် သူ့ရဲ့ ခြံဝင်းထဲမှာ လှပစွာ ဖူးပွင့်နေတဲ့ ပန်းတွေ အများကြီး ရှိနေခဲ့သည်။
ပီချင်း သမားတော်ကျိုးဆီကနေ ခွင့်ပြုချက် တောင်းလိုက်ပြီးနောက် တချို့ပန်းတွေ ကို ကောက်ကာ ပိုင်ချန် ရေချိုးတဲ့ နေရာမှာ အသုံးပြုခဲ့သည်။
ပိုင်ချန် အရင်ကမ္ဘာ၌ ဧက္ကရာဇ် ဖြစ်ခဲ့တဲ့ အချိန် အခုလို ပန်းတွေနဲ့ ရေချိုးခဲ့ဖူးတာကြောင့် ထူးဆန်းတယ်လို့ မခံစားခဲ့ရပေ။ မနက်အစောကြီး ထရလို့ အိပ်ရေးမဝတာကြောင့် သူ စိတ်တိုနေခဲ့သည်။ သူ နိုးလာတဲ့ အချိန်တိုင်း ကျောက်ယန် က သူ့ကို ချော့မော့ပြောလေ့ ရှိသည်။
ဒါပေမဲ့ ဒီနေ့က သူ့အတွက် အရမ်း အရေးကြီးတဲ့ နေ့တစ်နေ့ ဖြစ်တာကြောင့် သူ ဒေါသမထွက်ခဲ့ပေ။ ဒီနေ့လို နေ့မျိုးမှာ သူ စောစော ထသင့်သည်။
ပြောစကား နားထောင်ပြီး လိမ်လိမ်မာမာလေး နေနေတာကြောင့် ပန်းအနံ့ပါတဲ့ ဘူးတစ်ဘူး ကို ထုတ်ကာ ပိုင်ချန်ရဲ့ ခန္ဓာကိုယ်မှာ လိမ်းဖို့ ပြင်လိုက်ပေမယ့် ပိုင်ချန် က ငြင်းပစ်ခဲ့သည်။
ပီချင်း အနေနဲ့ ပိုင်ချန်ရဲ့ ဖြူစင်ချောမွေ့ကာ နုနယ်တဲ့ အသားအရေ ကို ကြည့်ပြီး စိတ်မကောင်းဖြစ်သွားခဲ့ရသည်။
ရေချိုးပြီးတဲ့ အချိန်မှာ ရွှမ်အာမား က အောင်သွယ်တော် အဖြစ်နဲ့ ပြင်ဆင်ထားခဲ့တဲ့ မင်္ဂလာဆောင် ဝတ်စုံ နဲ့ လက်ဝတ်ရတနာတွေ ကို ယူလာပြီး ပိုင်ချန်ရဲ့ ဆံပင် ကို ဖြီးပေးဖို့ အခန်းထဲကို ပျော်ရွှင်စွာနဲ့ ဝင်ရောက်လာခဲ့သည်။
ကောအာ တစ်ယောက် လက်ထပ်တော့မယ် ဆိုရင် မင်္ဂလာဆောင်တဲ့နေ့မှာ ကောအာရဲ့ အမေ က ဆံပင် ကို အရင်ဆုံး ဖြီးပေးရတဲ့ ဓလေ့ ရှိသည်။ ဒါပေမဲ့ အခုအချိန်မှာ ပိုင်ချန်တွင် အမေ မရှိတော့တာကြောင့် မွေးစားအဖေ ဖြစ်တဲ့ သမားတော်ကျိုး က ပိုင်ချန် ကို ဆံပင် ဖြီးပေးရမယ့်သူ ဖြစ်လာခဲ့သည်။
YOU ARE READING
သူက အရမ်း ချွဲလွန်းတယ် (Book 2)
Romanceသူက အရမ်း ချွဲလွန်းတယ် ပိုင်ချန် book 2ပါရှင့်