Intro

1.9K 53 0
                                    

2024ခုနစ် ဇန်နဝါရီလအလယ်တွင်...

"ငါလာနေပြီ။ ညီမလေးရဲ့အခြေအနေကို
ကျေးဇူးပြုပြီး ဆက်စောင့်ကြည့်ပေးထားပါ..."

လက်တဖက်ကကားကိုမောင်းနေရင်း
နောက်လက်တဖက်ကတော့ဖုန်းကိုကိုင်ထားကာ တဖက်ကိုပြောနေတဲ့ kimအိမ်တော်ရဲ့
အကြီးဆုံးသမီးkim minjeong။

ဝမ်းနည်းမှုနဲ့စိုးရိမ်စိတ်ကြီးဟာ ရင်ထဲစို့တက်
နေတာကြောင့် မျက်ရည်မကျပေမယ့်
မျက်လုံးအောက်ဘက်တွေကအတော်နီရဲ
နေပြီး မျက်ရည်တွေဝဲနေသည်။

ကားကိုသတ်မှတ်အရှိုန်နှုန်းထက်ပိုပြီး
မောင်းနေတာကြောင့် လမ်းမကြီးပေါ်က
ကားတွေအကုန်လုံးကိုလဲသူ့ကားဟာကျော်
တက်သွားသည်

"ငါစိတ်မကောင်းပေမယ့် နင်လာတာတောင်
မှီတော့မဲ့အခြေအနေမဟုတ်ဘူးထင်တယ်။
သူ...သူ ဆက်တောင့်ခံနိုင်တော့မယ်မထင်ဘူး..."

"အဲ့လိုမပြောစမ်းနဲ့wonyoung!!။
ငါ့ညီမလေးကသေမှာမဟုတ်ဘူး!!
gaeulကမသေဘူး..!!"

တစ်လျှောက်လုံးမကျအောင်ထိန်းလာတဲ့
မျက်ရည်တွေဟာ သူ့ညီမအခြေအနေကို
ကြားတာနဲ့ထိန်းသိမ်းမရအောင်ကျ၍လာသည်

"စိတ်ထိန်းminjeong နင်ကားမောင်းနေရင်
ကားမောင်တာပဲအာရုံစိုက်! တစ်ခြားဟာ
ခေါင်းထဲမရောက်စေနဲ့"

minjeongတစ်ခုခုဖြစ်သွားမှာစိုးရိမ်တဲ့
wonyoungဟာလဲမှာရှာသည်
ဒါပေမယ့်လဲ minjeongကနားမထောင်

"တော်စမ်းပါ..! ငါ့ညီမလေးသာဘာမှ
မဖြစ်အောင်ပဲနင်ဂရုစိုက်!။
ငါအခုရောက်တော့မယ်..!!"

"minjeong!!"

minjeongကဘာမှထပ်မပြောပဲ
ဖုန်းကိုတန်းချပစ်သည်

"ဘာမှမဖြစ်ပါနဲ့ညီမလေးရယ်
မမအခုလာနေပြီလေ..."

minjeongပြောရင်းမျက်ရည်တွေကျလာတယ် သူ့ဘဝမှာတစ်ခုထဲသောသူတန်ဖိုးထားရတဲ့အရာဆိုလို့ သူ့ညီမလေးkim gaeulပဲရှိ‌ တော့တာပါအခုတော့ သူ့ညီမလေးကသူ့ကို
မစောင့်တော့ပဲထွက်သွားတော့မှာလား

စိုးရိမ်ပူပန်ခြင်းများစွာနဲ့အတူ minjeong
လမ်းအကွေ့တစ်ခုထဲကွေ့ချလိုက်သည်

တီ! တီ!

အဲ့အချိန်တဖက်ကနေလာနေတဲ့
ကားတစ်စီး...။ ကြည့်ရတာminjeong
လမ်းပြောင်းပြန်မောင်းမိသွားပုံ

ဒုန်း!!

ကားနှစ်စီးဟာမျက်နှာချင်းဆိုင် အနေထားနဲ့
တိုက်မိသွားကြတော့သည်။

########

𝐑𝐞𝐯𝐞𝐧𝐠𝐞Where stories live. Discover now