"gaeul...gaeul..."
ပခုံးကိုလာကိုင်လှုပ်တဲ့အထိအတွေ့ကြောင့်
gaeulမျက်လုံးတွေဖြည်းညှင်းစွာပွင့်လာခဲ့သည်။အိပ်ချင်မူးတူးဖြင့်မျက်လုံးတွေကို
ပွတ်သပ်ကာအပေါ်ကိုမော့ကြည့်လိုက်တော့
သူ့ကိုပြုံး၍စိုက်ကြည့်နေတဲ့hyunseoကို
တွေ့ရသည်။"ဟင်..ဒေါက်တာပါလား..။ ဘာလို့
ဒီကိုရောက်လာတာလဲ""ကျွန်မအလုပ်ချိန်ပြီးပြီgaeulရဲ့"
"ဘာရယ်... ဘယ်လိုဖြစ်ပြီးလဲ..။မြန်လိုက်တာ"
gaeulနားမလည်နိုင်စွာမေးခွန်းထုတ်မိတော့
hyunseoဟာသူ့ဆံပင်လေးတွေကို
သပ်တင်ပေးရင်း နူးညံ့စွာပြုံးပြလာခဲ့သည်"မမြန်ပါဘူး gaeulကသာအိပ်ပျော်သွားလို့
ဘာမှမသိလိုက်တာ"ဒါကိုကြားတော့ gaeulရှက်သွားမိသည်..။
ဘယ်လိုတောင်သူများရုံးခန်းကြီးမှာ
အိပ်မိသွားရတာလဲ အခုတောင်hyunseo
လာနှိုးလို့မဟုတ်ရင် ထလာမဲ့ပုံမပေါ်"ဘာမှမဖြစ်ပါဘူး ကျွန်မနားလည်ပါတယ်။
gaeulလဲပျင်းမှာပေါ့ အကြာကြီးစောင့်နေရတာကို"သူ့စိတ်ကိုသိနေတဲ့အလား ကာပြောပေးလာတဲ့ hyunseoကြောင့် gaeulစိတ်ထဲကြည်နူး
သွားခဲ့သည်။ သူ့ဘဝမှာတကယ်ကို
hyunseoလောက်သူ့ဘက်မှာရှိပေးတဲ့သူကို
မမြင်ဖူးခဲ့ပါ"ဒေါက်တာက ကျွန်မအပေါ်ကောင်းပေး
တယ်နော်...။ ဘာလို့လဲဟင်"gaeulမေးလာတဲ့ဒီအရာကိုကြားတော့
hyunseoဟာရုတ်တရက်ငြိမ်ကျပြီး
မျက်နှာပေါ်တွင်အဖြေရှာမရတဲ့အရိပ်ယောင်
တွေဟာ ဖြတ်ပြေးသွားခဲ့သည်။gaeulမေးလာတာကို အခုချိန်သူပြန်
မဖြေနိုင်သေးဘူး...။ သူလုပ်ရမဲ့အရာတွေဟာ ကျန်ရှိသေးတာကြောင့် အခုချိန်
gaeulကိုထိခိုက်စေမဲ့အရာတစ်ခုကိုတောင် လုပ်မိလို့မဖြစ်ဘူး"မသိဘူး... gaeulမို့ထင်တယ်..။ gaeulဖြစ်
နေလို့ကို ကောင်းပေးမိတာထင်တယ်""တကယ်"
"အွန်း...။ ကျွန်မကgaeulကိုကာကွယ်ပေးမှာ
ကျိန်းသေကာကွယ်ပေးမှာ""ကာ..ကာကွယ်ပေးမယ်"
"ဟုတ်တယ် ကာကွယ်ပေးမှာ။ ဒါကြောင့်
gaeulကဘယ်သူ့ကိုမှကြောက်စရာမလိုဘူးနော် gaeulကကျွန်မနာမည်ကိုခေါ်လိုက်တာနဲ့
ကျွန်မကအပြေးလာခဲ့မှာ"
YOU ARE READING
𝐑𝐞𝐯𝐞𝐧𝐠𝐞
Fanfiction"ကိုယ့်နေရာကိုယ်မသိတဲ့လူတွေကိုအပြစ်ပေးဖို့အတွက်ကခက်ခဲမယ်လို့များထင်နေလား" jiminjeong/eulseo/daerin