Part26

293 41 8
                                    

လက်ရှိအချိန်(after time travel)

"minjiနင်ငါ့ဆီလာခဲ့ဦး"

ညသန်ခေါင်ကြီးသူ့ကိုကောက်ခါငင်ခါ
ဖုန်းဆက်၍ခေါ်လာသောkarinaကြောင့်minji
သက်ပြင်းချရင်းစိတ်ရှုပ်ထွေးစွာခေါင်းကုတ်လိုက်မိသည်။ ဒီအချိန်ကြီးဘာလုပ်ဖို့လဲဟု
သူတွေးမိသည်။

"အင်း"ဟုပြန်ဖြေလိုက်၍ဖုန်းကိုချပြီး
သူ့ဘေးကိုတစ်ချက်ကြည့်လိုက်မိသည်။

"dani...ကိုယ့်ပေါ်ကခဏဖယ်ဦး"

သူ့လက်မောင်းပေါ်‌ခေါင်းအုံးအိပ်နေသော
danielleအားminjiလှုပ်နှိုးလိုက်၍
ဖယ်ပေးဖို့ပြောလိုက်တော့danielleဆီက
ငြီးသံသဲ့သဲ့လေးထွက်ပြီးနိုးလာခဲ့သည်။

အိပ်ချင်မူးတူးရုပ်လေးနဲ့သူ့မျက်လုံးတွေကိုအသာပွတ်သပ်လိုက်ကာminjiအားမော့ကြည့်လာခဲ့သည်။

"အစ်မမအိပ်သေးဘူးလားအခုထိ..."

"မဟုတ်ဘူးကိုယ်နိုးလာတာ"

"ဟင်..."

minjiပြန်ဖြေလိုက်၍danielleခေါင်းလေးအားသူ့လက်မောင်းပေါ်ကနေအသာဖယ်လိုက်ကာကုတင်ပေါ်ကနေဆင်းလာခဲ့သည်။

danielleလဲminjiရဲ့လှုပ်ရှားမှုတိုင်းကိုကြည့် နေရင်းလှဲနေရာကနေထထိုင်လာသည်။

"အစ်မဘာလုပ်နေတာလဲ"

သူ့အိပ်ခန်းအဝတ်ဗီရိုထဲကနေcoatတစ်ထည်ကိုထုတ်ကာဝတ်ဆင်လိုက်တဲ့minji
ကြောင့်danielleနားမလည်နိုင်စွာမေးမိသည်။ minjiဟာdanielleဘက်ကိုတစ်ချက်လှည့်ကြည့်ကာပြုံးပြလိုက်သည်။

"ကိုယ်သွားစရာရှိနေလို့dani။ မကြာပါဘူးခဏပဲ"

ဒီစကားကိုကြားရတဲ့အခါdanielleအံ့ဩသွားသည်။ ဒီလိုအချိန်ကြီးမှာတောင်သူက
ဘယ်သွားဦးမလို့လဲ။

"အခုကဘယ်အချိန်မို့လဲ။ မဟုတ်သေးဘူး...အစ်မကိုဘယ်သူခေါ်လို့လဲ"

minjiဟာဘာမှပြန်မဖြေပဲသူလုပ်စရာရှိသာတာလုပ်နေခဲ့သည်။

"အစ်မ..."

"mo dani!!"

minjiကမျက်မှောင်ကျုံ့၍လေသံမာမာနဲ့သူ့နာမည်ကိုအော်ခေါ်လိုက်တော့danielleလန့်သွားမိသည်။ minjiဟာတကယ်ခန့်မှန်းရခက်တဲ့လူပါပဲ။ နူးညံ့တဲ့အချိန်ဆိုလဲဘယ်သူမှလိုက်မမှီအောင်daniအပေါ်နူးညံ့စွာဆက်ဆံပေးပြီး သူဒေါသထွက်တဲ့အချိန်ဆိုလဲဘယ်သူမှလိုက်မမှီပါ။

𝐑𝐞𝐯𝐞𝐧𝐠𝐞Where stories live. Discover now