Part11

410 49 0
                                    

"karina...ချီးယာ့!"

ဝိုင်ခွက်တစ်ခွက်ကိုကမ်းပေးရင်း
သူ့ကိုပြုံးပြကာပြောလာတဲ့
minjeongကြောင့် karinaလဲ
ခေါင်းညိတ်ကာပြန်ပြုံးပြ၍

"ချီးယာ့!"

ထို့နောက်နှစ်ဦးသားဟာဝိုင်ခွက်ကိုအချင်းချင်းတိုက်လိုက်ကြသည်။

"minjeongကိုမသောက်တက်လောက်ဘူးထင်ထားခဲ့တာ"

ဝိုင်ကိုမသောက်သေးပဲစားပွဲပေါ်karinaဟာ
ပြန်ချလိုက်ပေမယ့် minjeongဟာတော့
ဘာကိုမှစောင့်မနေပဲတန်းသောက်ချ
ပစ်လိုက်သည်။

ပြီးနောက်ဝိုင်တွေအနည်းငယ်ပေသွားတဲ့
သူ့နှုတ်ခမ်းတဝိုက်နားကိုလက်မနဲ့အနည်းငယ်သုတ်လိုက်သည်။ karinaကတော့ဒီမြင်ကွင်းကို
မျက်တောင်မခတ်တမ်းငေးကြည့်နေ
မိတာပေါ့

ဆွဲဆောင်မှုရှိလွန်းတဲ့ဒီအပြုအမူဟာ
minjeongတမင်သက်သက်လုပ်ပြ
လိုက်တဲ့အရာတစ်ခုမှန်းkarinaသိခဲ့ရင်
မျက်နှာလွှဲပစ်ခဲ့လောက်မလား....

"ဒီလောက်ကတော့ကျွန်မသောက်တက်ပါတယ်။ မသောက်တက်တဲ့လုပ်ငန်းရှင်ဆိုတာမရှိပါဘူးkarinaရဲ့"

နည်းနည်းရီဝေဝေဖြစ်နေတဲ့ပုံစံနဲ့ပြောလာတဲ့
minjeongကြောင့်karinaပြုံးမိသည်။
မသောက်နိုင်ဘူးပဲ

"ဒါဆိုထပ်သောက်မလား ကျွန်မငှဲ့ပေးမယ်"

"အွန်း နည်းနည်း"

karinaရဲ့အရှေ့သို့minjeongဟာ
သူ့ဝိုင်ခွက်ကိုထိုးပေးလိုက်တော့ karina
ကလဲစားပွဲပေါ်ကဝိုင်ပုလင်းကိုယူကာအနည်းငယ်ငှဲ့ပေးလိုက်သည်။

"karina..."

"အွန်း"

"ဧကန္တ...ကောင်လေးများရှိလားဟင်"

ရုတ်တရက်ထမေးလာတဲ့minjeongမေးခွန်းကြောင့် karinaဘာပြန်ဖြေရမလဲမသိဖြစ်သွားခဲ့သည်။ ဘာလို့ဒီလိုမေးရတာလဲလဲတွေးမိသည်။

"မ..မရှိပါဘူး"

"အာ...တကယ်လား ဒါဆိုကောင်းတာပေါ့"

"ဘာကကောင်းတာလဲ"

"karinaမှာကောင်လေးမရှိတာကလေ
ဟိဟိ!"

အရမ်းကျေနပ်နေပုံရတဲ့minjeongပုံစံကြောင့် karinaစိတ်တွေလဲအနည်းငယ်
မတည်မငြိမ်ဖြစ်သွားခဲ့သည်။

𝐑𝐞𝐯𝐞𝐧𝐠𝐞Where stories live. Discover now