Part2

640 44 2
                                    

minjeong pov:

"ဒီကောင်မလေးကိုဒီအနီးတဝိုက်မှာ
တွေ့မိသေးလား...."

သူ့ဖုန်းထဲကgaeul၏ပုံကိုပြကာ
အနီးနားကလမ်းသွားလမ်းလာတွေကို
minjeongလိုက်မေးကြည့်နေခဲ့သည်။

"အာ...မတွေ့မိဘူးဗျ"

"သေချာကြည့်ပါဦး"

"တကယ်မတွေ့မိတာပါ"

အနီးနားကဘယ်သူ့ကိုလိုက်မေးမေး
မတွေ့မိဘူးပဲပြောလာတာကြောင့်
minjeongစိတ်ပျက်လာသည်

"ကျေးဇူးပါ"

ဖြေပေးတဲ့ကောင်လေးကို ကျေးဇူးတင်ကြောင်းပြောကာ minjeongအရှေ့သို့ဆက်သွားခဲ့သည်...။

minjeongသိတယ် gaeulကဒီမှာပဲရှိမှာ။
အရင်အတိတ်ကအချိန်တုန်းကလဲ
gaeulကဒီမှာပဲရှိနေခဲ့မှာပဲ

"တောင်းပန်ပါတယ် ငါ့ညီမလေးရယ်"

အရင်တုန်းကသူgaeulကိုအရမ်းလစ်လျူရှု
ခဲ့မိတာကိုminjeongစဉ်းစားမိတော့
စိတ်ထဲအားနာပြီး စိတ်မကောင်းဖြစ်ရသည်။

အလုပ်ကလွဲ၍တစ်ခြားအရာတွေကို
အာရုံမစိုက်ခဲ့မိတော့ gaeulဘာတွေဖြစ်ပြီး
ဘယ်လိုတွေခံစားနေခဲ့ရလဲဆိုတာ
minjeongမသိခဲ့ရဘူး...။

ဒါပေမယ့်....အခုဘဝမှာတော့ minjeong
gaeulကိုအသက်နဲ့လဲပြီးတော့ကို
ကာကွယ်ပေးမှာ သူ့ညီမလေးအပေါ်
သူတာဝန်မကျေခဲ့တာတွေအကုန်လုံးကို
ဒီဘဝမှာတော့အကုန်ဖြည့်ဆည်းပေးမှာ

ဝှီးးးး

"ဟက်ချိုး!"

လေပြင်းတစ်ခုဟာminjeongဘေးနား
ဖြတ်တိုက်သွားသောကြောင့် minjeong
ကိုယ်လေးဟာ ချမ်းလွန်းလို့ဆက်ကနဲ
တုန်တက်သွားခဲ့သည်...။

ကြည့်ရတာ ဒီပုံစံအတိုင်းဆိုသူပါဖျားတော့မယ်...

"ငါတစ်ယောက်ထဲ ဘယ်လိုရှာရမလဲ"

အဲ့လိုတွေးမိတော့ အကူညီတောင်းဖို့ရာအတွက်စဉ်းစားမိသူတွေဟာ ခေါင်းထဲမှာများများစားစားမရှိခဲ့ပါဘူး...။ သူစဥ်းစားမိတာတစ်ယောက်ပဲရှိခဲ့သည်

"wonyoung!..။ ဟုတ်သားwonyoungပဲ
ငါဘာလို့သူ့ကိုခဏမေ့နေရတာလဲ"

ပြန်သတိရတာနဲ့ဖုန်းကိုဖွင့်ကာ contactကို
သွားသည်...။ ပြီးတာနဲ့နံပါတ်တစ်ခုကိုနှိပ်ကာ
ခေါ်ဆိုလိုက်တော့ တဖက်ကလဲ တစ်စက္ကန့်တောင်မကြာပဲချက်ချင်းတန်းကိုင်လာသည်

𝐑𝐞𝐯𝐞𝐧𝐠𝐞Where stories live. Discover now