"မန်နေဂျင်း...။ ဒီမှာမန်နေဂျင်းမှာထားသမျှ
ရပါပြီ"minjeong၏ရုံးခန်းထဲသို့ဝင်လာကာ
အသိပေးလာတဲ့အတွင်းရေးမှူးဖြစ်သူကို
ခေါင်းညိတ်ပြလိုက်၍"အင်းသိပြီ ကားပေါ်တင်ထားလိုက်
ပြီးရင် ငါလာခဲ့မယ်""ဟုတ်ကဲ့ နားလည်ပါပြီ"
အတွင်းရေးမှူးဖြစ်သူထွက်သွားတာနဲ့
minjeongလဲထိုင်နေရာကထကာ
အနည်းငယ် အကြောဆန့်လိုက်ရင်း"အချိန်တွေတောင်ဒီလောက်ထိကုန်သွားပြီပဲ
ငါ့ညီမပိစိလေးတောင်၂၆နှစ်ပြည့်တော့မယ်"ပါးစပ်ကရေရွတ်လိုက်ရင်းminjeongပြုံးမိသည်။မနက်ဖြန်ဟာသူ့ရဲ့နှစ်ယောက်မရှိတဲ့ညီမဖြစ်သူ gaeulရဲ့မွေးနေ့မို့ဖိတ်စရာရှိ
သူတွေကိုလိုက်လံဖိတ်ရဦးမည်။သူကိုယ်တိုင်ဒီအရာကိုလုပ်ပေးချင်တာမို့
ဘယ်သူ့ကိုမှမခိုင်းပဲသူတစ်ယောက်ထဲသာ
လုပ်ဖို့စီစဉ်ထားခဲ့သည်။ပြီးတော့ဖိတ်ရမဲ့သူတွေထဲမှာအရေးကြီးဆုံး
လူတစ်ယောက်လဲရှိနေခဲ့တယ်မလား##########
ဝူးးးးး..
ပုံမှန်အတိုင်းမောင်းနှင်လာတဲ့ကားလေး
တစ်စီးဟာအိမ်ကြီးတစ်ခုအရှေ့တွင်ရပ်
လိုက်သည်။တီ! တီ!
ခြံတံခါးဟာပိတ်ထားတာကြောင့် ဟွန်းကိုအဆက်မပြတ်တီးပေးလိုက်တော့အထဲကအလုပ်သမားတစ်ယောက်ဟာလာကြည့်သည်။
"ဘယ်သူလဲ"
"ငါ့ကိုတောင်မသိဘူးလား ဟမ်"
ကားပြတင်းပေါက်ကနေခေါင်းအနည်းငယ်
တိုးထွက်ကာမေးတဲ့လူကိုကြည့်ကာပြော
လိုက်တော့ အဲ့လူဟာမျက်လုံးအပြူသားနဲ့"kim...kim minjeong?"
"ခြံတံခါးဖွင့်ပေးစမ်းပါ ငါဦးလေးjeonheeနဲ့
တွေ့ချင်လို့""boss...bossနဲ့လား"
"အေး...။ သူအိမ်မှာရှိတယ်မဟုတ်ဘူးလား"
"ရှိ...ရှိပါတယ်"
"ရှိရင်ခြံတံခါးဖွင့်ပေး...အားယားနေလို့
လာတာမဟုတ်ဘူး မြန်မြန်!"
![](https://img.wattpad.com/cover/369549848-288-k37046.jpg)
YOU ARE READING
𝐑𝐞𝐯𝐞𝐧𝐠𝐞
Fanfiction"ကိုယ့်နေရာကိုယ်မသိတဲ့လူတွေကိုအပြစ်ပေးဖို့အတွက်ကခက်ခဲမယ်လို့များထင်နေလား" jiminjeong/eulseo/daerin