"အိပ်မွေ့ချလိုက်ရင်အတိတ်ကိုပြန်မြင်ရတာမျိုးကိုပဲငါကကြုံဖူးတာ....ဒီလိုမဖြစ်ခဲ့တာတွေကိုမြင်နေရတာမျိုးတော့ငါလဲတစ်ခါမှ
မကြုံဖူးဘူး"hanni၏စကားကြောင့်hyunseoသူ့လက်သည်းတွေကိုအကြောင်းအရင်းမဲ့စွာ
ကိုက်နေမိသည်။ဘယ်လိုမှစဉ်းစားလို့မရ... ဘယ်ကဘယ်လို
gaeulကိုအနာဂတ်ကအကြောင်းတွေကို
ကြိုမြင်ရအောင်လုပ်ပေးလိုက်တာလဲ"လက်သည်းတွေကိုက်မနေနဲ့...။ ဆရာဝန်ဖြစ်ပြီးလက်သည်းကိုက်တာကျန်းမာရေးနဲ့မညီညွှတ်ဘူးဆိုတာမသိဘူးလား"
hyunseoလက်ကိုအသာပြန်ချလိုက်ရသည်။
ကျန်တာခံနိုင်ပေမယ့်hanniဆရာကြီးလုပ်
တာတော့သူမခံချင်ပါ။"အစ်မဘယ်လိုထင်လဲ"
"ငါကဘာကိုဘယ်လိုထင်ရမှာလဲ"
"ဒီကိစ္စကိုလေ..."
hanniဟာhyunseoကိုသေချာစိုက်ကြည့်လာသည်။
"ငါ့အထင်ဒါကစိတ်ဖိစီးမှုများလို့ထင်ယောင်
ထင်မှားဖြစ်တာပဲနေမှာပါ.... ကျန်တာတော့
ဘာမှမတွေးမိဘူး""မဟုတ်ဘူးလေ... ညီမပြောချင်တာက
အနာဂတ်ကိုကြိုမြင်နေရတာမျိုးရော
မဖြစ်နိုင်ဘူးလား"hyunseoစကားကြောင့်hanniဟာသူ့ကို
တခဏကြောင်ကြည့်နေခဲ့သည်...။ ပြီးခါမှ
ပြောတာကိုသေချာပြန်စဉ်းစားမိတော့
ရယ်ချလိုက်ရင်း"နင်ကဘာလဲ... time travelလိုအရာမျိုးတွေကိုယုံနေတာလား"
ဒီမေးခွန်းကိုမေးလိုက်တဲ့hanniခင်ဗျာမှာ
သူ့အရှေ့ကလူကtime travelတစ်ယောက်
ဖြစ်နေတာကိုတော့မသိရှာ။hyunseoဟာတော့တစ်ချက်ပြုံး၍ ခေါင်းကို
ခါရမ်းပြလိုက်သည်။"ဒါဆိုဘာလို့မေးလဲ"
"ဒီတိုင်းပဲ.... ဖြစ်နိုင်ချေကိုသိချင်လို့ပေါ့"
သူ့လက်ထဲကဘောပင်ကိုစားပွဲပေါ်ချလိုက်ကာhanniဟာhyunseoအနားကို
တိုးကပ်လာခဲ့သည်။ပြီးနောက်hyunseoနဲ့မျက်နှာချင်းဆိုင်အနေအထားနဲ့နေလိုက်ကာ
"အနာဂတ်ကိုကြိုမြင်ရတာမျိုးဆိုတာ
ဖြစ်နိုင်ချေရှိပါတယ်... ဆေးပညာအရတွေးကြည့်ရင်လဲဟုတ်နေတာပဲ.... အိမ်မက်ကတစ်ဆင့်ချိတ်ဆက်ပြီးမြင်ရတာမျိုးလေ"
YOU ARE READING
𝐑𝐞𝐯𝐞𝐧𝐠𝐞
Fanfiction"ကိုယ့်နေရာကိုယ်မသိတဲ့လူတွေကိုအပြစ်ပေးဖို့အတွက်ကခက်ခဲမယ်လို့များထင်နေလား" jiminjeong/eulseo/daerin