"ဒေါက်တာခဏလေး.... ဒီမှာမမဖုန်းတွေအများကြီးခေါ်ထားတယ်"
ဖုန်းကိုကြည့်နေရင်းgaeulဟာအရှေ့ကအရင်ထွက်သွားဖို့ပြင်နေတဲ့hyunseoလက်ကိုလှမ်းဆွဲလိုက်သည်။
"တကယ်လား အခုမှတွေ့တယ်ပေါ့"
"အွန်း"
ပြန်ဖြေလိုက်ရင်းတဖက်ကိုဖုန်းပြန်ခေါ်ဖို့gaeulလုပ်လိုက်သည်။
တူ...တူ...တူ...
စခေါ်လိုက်တဲ့အခေါက်မှာပင်ဖုန်းမကိုင်တာနဲ့
တိုးတော့gaeulမျက်နှာပျက်သွားသည်။"ဘာလို့လဲ ဖုန်းမကိုင်လို့လား"
"အာ... အင်းဟုတ်တယ်ဒေါက်တာရဲ့။ မမ, မအားဘူးထင်တယ်"
လည်ပင်းကိုပွတ်သပ်၍ပြောလာတဲ့gaeulကိုကြည့်ပြီးhyunseoပြုံးလိုက်သည်။
ပြီးနောက်gaeulလက်ကိုဆွဲကိုင်လိုက်ရင်း"အရင်ဆုံးအိမ်ထဲဝင်ကြရအောင် အပြင်မှာ
အေးတယ်""ဟုတ် ဟုတ်ဒေါက်တာ"
gaeulဟာပြောနေပေမယ့်ဖုန်းကိုတော့အကြည့်ကမလွှဲ...။
"အိမ်ထဲရောက်မှဆက်လုပ်လို့...။ လာသွားမယ်"
"ဟင်"
gaeulလက်ထဲကိုင်ထားတဲ့ဖုန်းကိုဆွဲယူကာအရှေ့ကအရင်ထွက်သွားတဲ့
hyunseoကြောင့်gaeulမှာ
ကြောင်အစွာခဏဒီတိုင်းကြီးရပ်နေမိသည်။"gaeul..."
"အာ... လာပြီလို့ ဒေါက်တာ..."
သူ့ကိုလှမ်းခေါ်မှန်းသိနေတော့gaeulလဲချက်ချင်း အနောက်ကနေလှစ်ကနဲနေအောင်ပြေးလိုက်သွားခဲ့သည်။
##########
"ကျွန်မသက်သာနေပါပြီ gaeulကိုယ့်အိမ်ကိုပြန်ချင်ပြန်တော့လေ"
အိမ်ထဲရောက်တာနဲ့gaeulကြားလာရတဲ့စကားကြောင့်အမောစို့သွားသလိုတောင်ခံစားလိုက်ရသည်။
အခုကhyunseoကgaeulကိုသူအိမ်မှာမနေစေချင်တော့တာလား.... ဒါကမောင်းထုတ်နည်းတစ်မျိုးလား။
"ဒေါက်တာကကျွန်မကိုထွက်သွားစေချင်တာလား"
ဒီစကားကြောင့်hyunseoဟာgaeulကိုသေချာစိုက်ကြည့်လာခဲ့သည်။

YOU ARE READING
𝐑𝐞𝐯𝐞𝐧𝐠𝐞
Fanfic"ကိုယ့်နေရာကိုယ်မသိတဲ့လူတွေကိုအပြစ်ပေးဖို့အတွက်ကခက်ခဲမယ်လို့များထင်နေလား" jiminjeong/eulseo/daerin