"ဟိုမှာ!...ဟိုမှာ! ရောက်လာပြီ မြန်မြန်လုပ်!"
gaeulတို့၏ကားဟာဆေးရုံအရှေ့တွင်ရပ်လိုက်တာနဲ့သူနာပြုတွေနဲ့ဆရာဝန်တွေဟာ
အနားကိုရောက်လာသည်ကားတံခါးကိုဖွင့်လိုက်ပြီး အထဲက
hyunseoရဲ့အခြေအနေကိုပျက်ယွင်း
နေတဲ့မျက်နှာတွေနဲ့စစ်ဆေးနေသည်။"အဟင့်! အဟင့်! ဒေါက်တာ..."
gaeulဟာလဲဘေးမှာhyunseoလက်ကို
ဆုပ်ကိုင်၍တစ်ချိန်လုံးငိုနေခဲ့သည်။သူ့ကြောင့်ဖြစ်သွားရတဲ့အရာမို့ ရင်ထဲ
အရမ်းပဲနာကျင်ရပါတယ်။ သူhyunseoကို ဒီလိုပုံစံနဲ့မမြင်ချင်ဘူး"သွေးထွက်အရမ်းလွန်နေတယ် အမြန်ခွဲခန်း
ပို့ရမယ်...။ လက်ထောက်choi ဒေါက်တာhyunseoကိုခေါ်သွားဖို့
အမြန်ပြင်ဆင်ပါ""ဟုတ်ကဲ့ ဒေါက်တာ!"
ထိုဆရာဝန်၏စကားကြောင့် လက်ထောက်
သူနာပြုဖြစ်သူဟာလဲ လူနာတင်စင်ကို
ယူလာပြီး hyunseoကိုခေါ်ထုတ်သွားဖို့
ပြင်လိုက်ချိန်မှာ"ခဏလေးပါ"
"ဟင်.."
ထိုဆရာဝန်၏လက်ကိုgaeulဟာဆွဲလိုက်ပြီး
"ဒေါက်တာဘာမှတော့ဖြစ်မှာမဟုတ်ဘူး
မလားဟင်"gaeulအမေးကြောင့် ထိုဆရာဝန်ဟာလဲ
သက်ပျင်းချလိုက်၍"အဆင်ပြေမှာပါ..။ ဒါပေမယ့် သွေးထွက်
အရမ်းလွန်နေတော့ သွေးသွင်းရနိုင်လောက်တာသေချာတာမို့ ကိုက်ညီတဲ့သွေးအလှူရှင်ကို ရှာထားရင်တော့ပိုအဆင်ပြေနိုင်
ပါတယ်...ရှာဖို့ သွေးကတော့'အို'ပါ။
ဒါဆိုသွားရအောင်""ဟုတ်...ဟုတ်ကဲ့!"
ပြောပြီးတာနဲ့သူတို့ဟာhyunseoကိုလူနာတင်စင်ပေါ်တင်လိုက်၍ ခွဲခန်းဆီသို့ဦးတည်ခေါ်သွားကြသည်။
"ဒေါက်တာ...ဒေါက်တာ.. သတိထားဦးနော်
ကျွန်မရှိတယ်နော်။ ကျွန်မဒေါက်တာ့ကို
ဘာမှအဖြစ်ခံမှာမဟုတ်ဘူး!"ခွဲခန်းဆီသို့သွားနေတဲ့လမ်းမှာ မျက်လုံးတွေ
မပွင့်တပွင့်ဖြစ်လာတဲ့hyunseoကြောင့်
gaeulသူ့လက်တွေကိုတင်းကျပ်စွာ
ဆုပ်ကိုင်၍အားပေးစကားပြောလိုက်သည်
YOU ARE READING
𝐑𝐞𝐯𝐞𝐧𝐠𝐞
Fanfiction"ကိုယ့်နေရာကိုယ်မသိတဲ့လူတွေကိုအပြစ်ပေးဖို့အတွက်ကခက်ခဲမယ်လို့များထင်နေလား" jiminjeong/eulseo/daerin